အခန်း 《6》(Unicode+Zawgyi)

7.7K 1.1K 58
                                    

Unicode

တစ်ပတ်မျှအနားယူပြီးနောက်မှာတော့ ရှန်ရှို့ကျဲသည် ရုပ်ရှင်ရိုက်ကူးရေးသို့ ပြန်ဝင်ခဲ့သည်။ အမှန်ဆိုပါလျှင် နေမကောင်းဖြစ်နေတဲ့ဒုတိယ အမျိူးသားဇာတ်လိုက် သရုပ်ကို သရုပ်ဆောင်ရာတွင် သူ့အတွက် များများစားစား စကားပြောစရာမရှိပေ။

နေ့စဥ်ရက်ဆက်ဆိုသလို အိပ်ရာထက်တွင်လဲလျောင်းနေရပြီး သွေးအန်သယောင် ဟန်ဆောင်နေရ၏။ ရှန်ရှို့ကျဲက ဤလောကတွင် နှစ်အနည်းငယ်ကြာအောင်ပင် ရှိနှင့်ပြီးဖြစ်သောအချက်အရ သူ၌ အမှတ်ရစရာကိစ္စများ သို့မဟုတ် သရုပ်ဆောင်စွမ်းရည် မြင့်မားလာရန် လိုအပ်ချက်များ ရှိမနေသေးသည့်တိုင် သူသည် ပုံမှန်အားဖြင့် ဝမ်းသာကျေနပ်စွာ ဆောင်ရွက်တတ်၏။

သူ၏ လက်ထောက်ဖြစ်သော ရှောင်သွမ့်က ပြတင်းပေါက်ကိုကြည့်ရင်း လဲလျောင်းနေသည့် ဘေးတိုက်ပုံလေးတစ်ပုံရိုက်ပေးသည်။ အခန်းတွင်းအလင်းရောင်က မှိုင်းပျပျလေးဖြစ်နေသောကြောင့် တစ်ခုတည်းသော အလင်းရရာသည် ပြတင်းပေါက်မှ သူ့အားဖြာထွက်နေသည့်ရောင်ခြည်တန်းလေးသာ ဖြစ်၏။

အဆုတ်နာရောဂါလူနာဖြစ်သည့်အလျောက် သူဟာ အိပ်ရာထဲတွင်သာမလှုပ်မယှက်ပဲ နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ရသည်။ထို့အပြင် သူ၏မျက်လုံးများသည် မှိုင်းညှို့ကာ တမ်းတသည့် အရိပ်အယောင်များနှင့် အလွန်အမင်းအထီးကျန်နေမှုတို့အားဖော်ပြနေသည်။
  
ရှောင်သွမ့်က ထိုဓာတ်ပုံသည်ပြီးပြည့်စုံသည်ဟုခံစားလိုက်ရ၏။

''Weiboမှာတင်လိုက်ကြရအောင်!"

ရှန်ရှို့ကျဲက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူ့မှာ ကိုယ်ပိုင်လက်ထောက်ဟူ၍မရှိခဲ့ပေ။ ထို့အပြင် များသောအားဖြင့် သူ၏ ရိုက်ကွင်းက လက်ထောက်များကို သူရဲ့ ကုမ္မဏီကသာခန့်အပ်တာဖြစ်သည်။

ကျန့်ဟောက်ဖုန်းနဲ့ သူ၏ကြားက ဆက်ဆံရေးကို သိသည့် ကုမ္ပဏီရှိ တစ်ယောက်တည်းသောသူသည် ကုမ္ပဏီ၏ ဥက္ကဌဖြစ်သည်။
အစပိုင်းမှာတော့ စီအီးအိုသည် ကျန့်ဟောက်ဖုန်း၏ဇနီးကလေး ဖျော်ဖြေးရေးလောကသို့ ရုတ်တရက်ဝင်ရောက်လာခြင်းဟာ ချက်ချင်းပင် နာမည်ကြီးလာလိမ့်မည်ဟုထင်ခဲ့မိသည်။ သို့သော်အခုချိန်ထိပင် ရှန်ရှို့ကျဲက ဤသည်ကိုသာမာန်အလုပ်တစ်ခုကဲ့သိုသာ လုပ်ဆောင်တတ်ပြီး တောင်းဆိုမှုအများအပြားကိုလည်း လက်မခံခဲ့ရပေ။
  
ထို့ကြောင့် စီအီးအိုသည် ဤကိစ္စအတွက် ဘာမှအလွန်အကျွံစိတ်မဝင်စားတော့ပေ။ သူကျော်ကြားလာခဲ့ရင်တော့ဖြင့် ဒီထက်ပိုသောလက်ထောက်များခန့်ပေးလိမ့်မည်ဟုတွေးမိ၏။
ဖျော်ဖြေရေးလောကတွင် အောင်မြင်သည့်လမ်းကြောင်းပေါ်ကိုရောက်လာရန် လှည့်ကွက်နှင့်အလှည့်အပြောင်းများစွာရှိသည်။
သူ၏သရုပ်ဆောင်စွမ်းရည်သည်လည်း မကောင်းတာကြောင့် တခြားရှူ့ထောင်ကကြည့်မယ်ဆိုလဲ နေနေသာသာလေးပင်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now