အခန်း《22》အချပ်ပို《 2》

9.5K 1.2K 73
                                    


「Unicode 」


ဤသည်မှာ ရှန်ရှို့ကျဲ ထို ပရိုဂရမ်သို့ ထွက်ခွာသွားပြီး နောက်တစ်နေ့တွင် ဖြစ်ပျက်ခဲ့တာဖြစ်သည်။

လင်ရှန်းစန်က သခင်လေးကျန့်ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး လီမင်ကိုလည်း ခေါ်ခဲ့သည်။ တစ်နေ့တာလုံး လော်ဆော်ပြီးနောက်တွင်တော့ ဥက္ကဋ္ဌလီခမျာ သူ့သူငယ်ချင်းနှစ်ဦးနှင့် အနားယူရမည့် အချိန်လေးရောက်ခဲ့ပြီ။ သူ သူတို့​၏ သီးသန့်ခနအတွင်း လျှောက်လှမ်းလာသောအခါ သခင်လေးကျန့်ကတော့ စောင်နှင့်ပြီးဖြစ်လေသည်။ ကျန့်ဟောက်ဖုန်းသည် သူဝင်လာသည်ကို သိသော်လည်း သူ့အားတစ်ချက်မျှပင် ကြည့်မလာပေ။ ဥက္ကဋ္ဌလီက သူ့ jacketကို ချွတ်လိုက်ပြီး ထိုင်ခုံနောက်တွင် ချိတ်လိုက်​၏။

"သခင်လေးကျန့်ခင်ဗျား, ကျွန်တော် ခင်ဗျားကို နှောက်ယှက်မိသွားလား?"

ကျန့်ဟောက်ဖုန်းသည် သူ​၏ လက်ဖက်ရည်ခွက်ကို တစ်ငုံမျှသောက်လိုက်ပြီး သူ့မျက်လုံးတွေက သူ့ဆီ ဝေ့လာခဲ့သည်။

"မင်းက ငါ့မိန်းမကို အတင်းအကျပ် အလုပ်တွေခိုင်းတယ်"

ဥက္ကဋ္ဌလီ မျက်လုံးတွေကို လှန်လိုက်မိသည်။

"သူက လက်ခံခဲ့တာကွ!"

"မင်းသူ့ကို မဆွယ်လိုက်ရင် သူသွားပါ့မလား?"

"ငါက ဖျော်ဖြေရေးကုမ္မဏီတစ်ခုရဲ့ ဥက္ကဋ္ဌဆိုတာကလွဲရင် ဘာမှမဟုတ်ပေမယ့် မင်းမျက်လုံးထဲမှာကျ ဆွယ်တဲ့ကောင်ဘဲပေါ့လေ?"

"မင်းရဲ့ အပြုအမူတွေက ငါ့ကို ဖျက်ဆီးတဲ့ အကျိူးဆက်တွေ ဖြစ်စေတယ် ."

"ဘာ အကျိူးဆက်တုန်း?"

"ငါ့မိန်းမ ငါ့နားကပ်မဲ့ အချိန်တွေကို မင်း အသုံးချပစ်လိုက်တာ"

"......"

"အခုချက်ချင်း မင်းကုမ္မဏီကို ဝယ်လိုက်ရင်တောင် ငါမုန်းနေတာကို နည်းနည်းလောက်ပဲ ပြေစေနိုင်လိမ့်မယ်"

ဥက္ကဋ္ဌလီသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်​၏။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now