အခန်း 《3》(Unicode&Zawgyi)

9.9K 1.4K 59
                                    

အခန်း 《3》  Unicode

အိမ်မှာ နှစ်ရက်မျှအချိန်ကုန်ဆုံးပြီး နောက်ဆုံးမှာတော့  ကျန့်ဟောက်ဖုန်းက သူ့ရဲ့အတွင်းရေးမှူးဆီမှ အလုပ်ပြန်တတ်ဖို့ တောင်းဆိုခံရလာသည်။ ရှဲန့်ရှု့ကျယ်က ထုံးစံအတိုင်းသူ့လည်စည်းကို ကူညီပေးပြီးနောက် သူတံခါးမှထွက်သွားသည်ကို ကြည့်နေလိုက်သည်။ ကျန့်ဟောက်ဖုန်းတစ်ယောက် တံခါးဝမှာ ရပ်နေပြန်ပြီ။
ရှန်ရှို့ကျဲ  သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ခြေဖျားလေးထောက်လိုက်ကာ နှုတ်ခမ်းကို ခပ်မြန်မြန်အနမ်းတစ်ပွင့်ပေးလိုက်သည်။
''နေ့လည်စာလာပို့စေချင်သေးလား?''

ကျန့်ဟောက်ဖုန်းရဲ့အဖြေက ရှင်းလင်းလှသည်။
''မလိုဘူး။ ကုမ္မဏီကနည်းနည်းဝေးတော့ မင်း အိမ်မှာပဲအနားယူတာ ပိုကောင်းလိမ့်မယ်''

ရှန်ရှို့ကျဲ  ဤအဆိုကိုတော့ခေါင်းငြိမ့်လိုက်သည်။
''ကောင်းပါပြီ,အဲ့ဒါဆို ကျွန်တော်မသွားပါဘူး''
သူ့အဖြေက တစ်စုံတစ်ယောက်ကို ပြောစရာစကားမဲ့သွားစေသည်။

ရှန်ရှို့ကျဲ အချိန်ကို ထပ်ကြည့်လိုက်ပြီး သူ့ကိုသွားဖို့မြန်မြန် တွန်းလိုက်သည်။
''ခင်ဗျား ဘာလို့မသွားသေးတာလဲ!? ခင်ဗျားက ဘောစ့်ဆိုတာနဲ့ပဲ အမြဲတမ်းနောက်ကျလို့ရတယ်လို့ မဆိုလိုဘူးလေ!''
ကျန့်ဟောက်ဖုန်းမှာတော့ လွှတ်ခနဲ့ပြောလိုက်မိတဲ့ အခိုက်အတန့်အတွက် မိမိကိုယ်ကို မကျိန်ဆဲပဲ မနေနိုင်ဖြစ်ကာ အင်တင်တင်ဖြင့်ထွက်ခွါသွားလေသည်။

ရှန်ရှို့ကျဲမှာ စိတ်ဝင်စားတာတွေ၊ဝါသနာတွေ များများစားစားမရှိပေ။ ထို့ကြောင့် ကျန့်ဟောက်ဖုန်းထွက်ခွါသွားတဲ့အခါ ရုတ်တရက်ဆိုသလို ဘာလုပ်ရမလဲ စဥ်းစားမရနိုင်ဖြစ်ရသည်။ တစ်ခဏမျှ ဇာတ်ကားကြည့်ပြီးနောက်မှာ Weiboပွတ်ရန်ဆုံးဖြတ်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူ့မှာတင်စရာ ဘာမှ ရှိမနေပေ။ ဒါကြောင့် အနည်းငယ်စဥ်းစားပြီးချိန်မှာတော့ လွန်ခဲ့တဲ့နှစ်ရက်က သူပြုလုပ်ခဲ့တဲ့ အစာသွပ်မုန့်လေးတွေရဲ့ပုံကိုတင်ဖို့ ဆုံးဖြတ်လိုက်တယ်။
@ရှန်ရှို့ကျဲ: လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါဒီကိတ်လေးတွေကိုလုပ်ခဲ့တာ၊ ချစ်စရာလေးတွေဟုတ်!?

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now