အခန်း《16》(Unicode&Zawgyi)

6.1K 1K 23
                                    

Unicode

ရှန်ရှို့ကျဲ လေယာဥ်ဆိုက်လာသောအခါ၊ သူသည်အိမ်သို့ချက်ချင်းမပြန်သွားသေးပေ။ အဲ့ဒီအစား ကျန့်ဟောက်ဖုန်းအားတွေ့ဖို့ ကုမ္မဏီသို့လာခဲ့လေသည်။
ကျန့်ဟောက်ဖုန်းအား surpriseဖြစ်စေချင်သည်။သို့ရာတွင် သူဓာတ်လှေကားမှထွက်လာချင်းပင် သခင်လေးကျန့်သည် Jacketကိုလက်မှာကိုင်လျက် အပြင်တွင် ရပ်နေသည်ကိုမြင်လိုက်ရ၏။ ရှန်ရှို့ကျဲမှာသူ့ကိုကြည့်နေရင်း အနည်းငယ်အံသြသွားရသည်။

"နေ့လည်ပဲရှိသေးတာကို,ဒီအချိန်ကြီး ဘယ်ကိုသွားမလို့လဲ?"

သူရောက်ရှိလာခြင်းအပေါ်တွင် သခင်လေးကျန့်သည် သူ၏စိတ်အခြေအနေ အနည်းငယ်မျှ မြင့်တက်လာသည်ဟုခံစားလိုက်ရသည်။ သို့သော်လည်းသခင်လေးကျန့်ကား သူ၏ခံစားချက်တို့ကိုမည်သည့်အချိန်မှထုတ်မသုံးတတ်သူဖြစ်၍ ဓာတ်လှေကားဆီသို့သာ တည့်တည့်မတ်မတ်လျှောက်သွားလေ၏။

"ကိုယ်အောက်ထပ်ကို စာချုပ်တချို့ပြန်ထုတ်ဖို့သွားမလို့...ကိုယ့်ရုံးခန်းမှာ မင်းစောင့်နေလို့ရတယ်"

ရှန်ရှို့ကျဲက Luggageကိုသူ့နောက်မှာဆွဲလိုက်ရင်း ဓာတ်လှေကားကနေထွက်လာခဲ့ပြီး ကျန့်ဟောက်ဖုန်းကတော့သူ့နောက်မှာကျန်ခဲ့၍ ဓာတ်လှေကားပိတ်သွားခဲ့လေသည်။ ဟောက်ဖုန်းက တွေ့ကရာ အထပ်သို့နှိပ်လိုက်ပြီး ဓာတ်လှေကားဆင်းသက်ပြီးသည့်အခါ သူထွက်လာခဲ့သည့်အထပ်သို့ပြန်လည်နှိပ်လိုက်လေ၏။

ရှန်ရှို့ကျဲ ရုံးခန်းသို့ရောက်သောအခါ အတွင်းရေးမှူးမလေးက ရုံးစားပွဲပေါ်ကစာချုပ်စာတန်းများကို ရှင်းလင်းရင်း အလုပ်များနေလေသည်။ ရှန်ရှို့ကျဲကသူမအား နှုတ်ဆက်လိုက်သည့်အခါ အတွင်းရေးမှူးမလေးက အံသြသည့်ပုံစံဖြင့်သူ့အားကြည့်လာလေ၏။

"ရှောင်ရှန့်!မင်းကဘာလို့ဒီမှာလဲ?ဥက္ကဌကျန့်က ခုလေးတင်ရုံးခန်းကထွက်ပြီးအိမ်ပြန်သွားပြီလေ"

ထိုအချိန်၌ "ရုံးခန်းမှထွက်၍ အိမ်ပြန်သွားသည်ဟူသော ဥက္ကဌကျန့်"သည် တံခါးကိုတွန်းဖွင့်ကာ တင်းမာသောအသွင်ဖြင့်ဝင်လာလေ၏။ သူ၏အသံမှာ အေးစက်ကာ မာနေပြီးအတွင်းရေးမှူမလေးအား ပြောလိုက်လေသည်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now