အခန်း 《14》(Unicode&Zawgyi)

6K 1.1K 22
                                    

Unicode

ကျန့်ဟောက်ဖုန်းမှာ ကိတ်မုန့်ဆိုင်အကူလေး ရှန်ရှို့ကျဲနဲ့သူ၏အိမ်ပါတီတွင်ဆုံခဲ့တာ ဖြစ်ပြီး ထိုအချိန်မှစ၍ သခင်လေးကျန့်သည် ပါတီများပိုပြုလုပ်ရန်အခွင့်အရေးတို့ကို ဆက်တိုက်ရှာဖွေလာခဲ့သည်။ အကြောင်းအရင်းမှာ ရှန်ရှို့ကျဲကသူ့အားတဖြည်းဖြည်းနှင့်ရင်းနှီးလာစေဖို့ဖြစ်သည်။

သခင်လေးကျန့်သည် လူတစ်ယောက်အပေါ်ခံစားချက်တွေပေါက်ဖွားလာခဲ့သော်လည်း ထိုအရာကိုဘယ်တော့မှဖွင့်ချပြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ကိတ်မုန့်ဆိုင်၏ တိတိလေး ရှန်ရှို့ကျဲအား အဝေးကသာတိတ်တခိုးချစ်နေခဲ့သည်။ ထို့နောက်မှာတော့ ဒီအချစ်က နှစ်နှစ်မှသုံးနှစ်တိုင်အောင်ထိ ဝေဆာလာခဲ့လေသည်။

ရှန်ရှို့ကျဲ ပြဿနာကြုံကြိုက်မည့် ထိုနေ့တွင် ကျန့်ဟောက်ဖုန်းကလည်း တိုက်ဆိုင်စွာ ကိတ်ဆိုင်မှသူ့အားတွေ့ဖို့ရာအကြောင်းဖန်လာခဲ့သည်။ ဟောက်ဖုန်းက ကိတ်အားသီးသန့်ဖယ်ထားဖို့ဖုန်းခေါ်သည်ဟု ဟန်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် ရှန်ရှို့ကျဲက လာယူနိုင်မည့်အချိန်ကိုခန့်မှန်းပေးပြီးနောက် ရုတ်တရက်ဆိုသလို ရှို့ကျဲကသူ့ထံညည်းတွားလာလေသည်။

"ဒီနေ့ မနက် ကျွန်တော် 3နာရီလောက်ကတည်းကထခဲ့ရတာ, တကယ့်ကို မင်္ဂလာကိတ်အကြီးကြီးလုပ်ဖို့အတွက်လေ..မတ်တပ်ရပ်ရတာ အခုဖြင့် သေတော့မလိုပဲ!ပြီးတော့ဆိုင်မှာကျွန်တော်တစ်ယောက်ထဲ.. ကျန့်ဟောက်ဖုန်းက ခင်ဗျား ဘာလို့ကျွန်တော်နဲ့လာပြီးစကားမပြောပေးရတာလဲ?"

ဤသည်က သခင်လေးကျန့်မျှော်လင့်နေတာပင်။ ပြီးတော့ တစ်မနက်လုံး လုံးပန်းရန် သူ၏လက်တွင်ဆိုင်းငံလျက်ရှိသောအရာများကိုထားခဲ့ကာ ရှန်ရှို့ကျဲကိုတွေ့ရန်ထွက်ခွါလာခဲ့သည်။

ကျန့်ဟောက်ဖုန်း၏ကား မုန့်ဆိုင်ရှိသည့်လမ်းထဲဝင်လာချင်းပင် သူသည် ရှန်ရှို့ကျဲအလုပ်လုပ်သည့်ဆိုင်မှမီးခိုးများထွက်နေသည်ကိုမြင်လိုက်ရ၏။ မယုံကြည်နိုင်မှုများဖြင့် ကျန့်ဟောက်ဖုန်းက ကားထဲကနေခုန်ထွက်လာခဲ့သည်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now