အခန်း 《4》(Unicode+Zawgyi)

8.7K 1.4K 24
                                    

Unicode

ရှန်ရှို့ကျဲသည် ကျန့်ဟောက်ဖုန်းကြိုက်နှစ်သက်တဲ့ ဟင်းလျာလေးတွေပြင်ဆင်လိုက်ပြီး ကျကျနနလေးထုတ်ပိုးလိုက်သည်။အဲ့ဒီနောက်မှာတော့ သူထွက်သွားမည်ကို ဘဏ္ဌာထိန်းကြီးအား အသိပေးပြီး ကျန့်ဟောက်ဖုန်းရဲ့ ကုမ္မဏီကို မောင်းထွက်လာခဲ့သည်။
သူ Privateသုံး ဓာတ်လှေကားကနေထွက်လာခဲ့ချိန်မှာတော့ လက်ထောက် အတွင်းရေးမှူးငယ်လေးက သူ့ကိုမြင်မြင်ချင်းပင် စားပွဲနောက်မှ ထွက်လာပြီး သူ့ရဲ့ထည့်ထားတဲ့ဘူးလေးများကို အပြေးလာယူသည်။

''ရှောင်ရှန်,မင်းဘာလို့ ဒီနေ့ရောက်လာတာလဲ?''

ရှန်ရှို့ကျဲက မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာရင်း အတွင်းရေးမှူးမလေးအားကြည့်လိုက်သည်။

''ဥက္ကဌကျန့်က ဒီမှာဆိုတော့ ကျွန်တော်သူ့ကို နေ့လည်စာပေးချင်လို့ရောက်လာတာ''

လက်ထောက် အတွင်းရေးမှူးငယ်လေးက ရုံးခန်းတံခါးကို သူ့အတွက် တွန်းဖွင့်ပေးလာရင်း '' ဥက္ကဌကျန့်က အစည်းအဝေးမှာပဲရှိသေးတာဆိုတော့ ကျေးဇူးပြုပြီး ဝင်ထိုင်ရင်း စောင့်ပေးပါဦး။ သူမကြာခင် ပြီးတော့မှာပါ''

ရှန်ရှို့ကျဲက သူရဲ့ကူညီမှုအတွက် ကျေးဇူးတင်လိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်ကာ အချိန်တွေဖြုန်းရတော့သည်။သူ ဘေးဘီဝဲယာ လိုက်ကြည့်လိုက်မိပြီးနောက် သူ့ရဲ့မိုဘိုင်းဖုန်းကို ဆွဲထုတ်ဖို့ပြင်လိုက်သည်။
ရုတ်တရက် ကျန့်ဟောက်ဖုန်း၏ ရုံးခန်းစားပွဲပေါ်တွင် ကိတ်မုန့်သေးသေးလေးတစ်ခုကို သူမြင်လိုက်ရသောအခါ လှမ်းကြည့်ဖို့ လျှောက်လာမိသည်။ သိပ်မကြာခင်မှာပဲ ရယ်မောသံလေးတစ်ခု ထွက်ပေါ်လာရသည်.။
ဒါကို တိတ်တဆိတ်နဲ့ ကုမ္မဏီကိုသယ်လာဖို့ အချိန်ရှိသေးတာကို ကျွန်တော်ဖြင့် အံသြမိတယ်။

ကျန့်ဟောက်ဖုန်း ပြန်လာချိန်တွင် ကို့ယို့ကားယားနိူင်တဲ့ သွင်ပြင်မျိူးကို ထိန်းသိမ်းဖို့ သူ ကိတ်လေးကို မူလနေရာဖြစ်သော ကွန်ပျူတာနောက်မှာ ပြန်ထားလိုက်ကာ ဘာမှမမြင်ခဲ့သယောင် ဟန်ဆောင်လိုက်၏။
အစည်းအဝေးခန်းထဲက ထွက်လာတဲ့ ကျန့်ဟောက်ဖုန်း၏ အရောင်အဝါတို့မှာ အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။ ထို့နောက် အတွင်းရေးမှူးမလေးက သစ်ရွက်ကလေး လှုပ်ရှားသကဲ့သို့ သူ့ထံသို့လျှောက်လာပြီး သတင်းပေးလာသည်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now