အခန်း《9》(Unicode&Zawgyi)

6.8K 1.1K 34
                                    

အခန်း《9》

Unicode


အခန်း《9》

ဒါရိုက်တာဆွန်၏ လက်တလောပရောဂျက် နွေတွင်ပြသရန်စီစဥ်ထားပြီး သခင်လေး၆၏ အစပိုင်းတွင် ပျော့ညံ့သည့်ပုံစံက ကောက်ကျစ်စဥ်းလဲသူတစ်ဦးအသွင်အဖြစ် အဆုံးသတ်သွားခဲ့ရသောကြောင့် ရှန်ရှို့ကျဲ၏ Weiboပရိတ်သတ်များကလည်းသိန်းချီမက တိုးပွါးလာခဲ့သည်။

ကျန့်ဟောက်ဖုန်းနှင့်ဆက်ဆံရေးကြောင့် ဥက္ကဌလီကလည်း ရှန်ရှို့ကျဲအပေါ်ချုပ်ကိုင်မှုများကို အနှောင့်အယှက်မပြုလာရဲချေ။ သူက သူ့ကိုဇာတ်ညွှန်း မျိုးစုံရေးပို့လာပြီး ရှို့ကျဲက  ဒီသရုပ်တစ်ခုအတွက်  လူရွေးခံချင်တယ်ဆိုပါက လူရွေးခံရာမှာသူ့နောက်လိုက်ဖို့ လိုအပ်တဲ့အချက်အလက်များကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။
ရှန်ရှို့ကျဲမှာ ကိုယ်ပိုင်လက်ထောက်မရှိရုံသာမက မန်နေဂျာလဲမရှိပေ။
သူ၏လွတ်လပ်မှုအဆင့်ကမြင့်မားနေသောကြောင့် ကုမ္မဏီတူသရုပ်ဆောင်များက သူ့အားလက်လျော့ထားကာ အလားအလာမရှိသော နိမ့်သည့်သူတစ်ဦးဖြစ်သည်ဟုပင် ခံစားကြရ၏။

ယေဘုယျအားဖြင့် စီမံခန့်ခွဲမှုကုမ္မဏီများသည် အာရုံဖမ်းစားလာနိုင်ဖို့အားသာချက်များဖြစ်လာ၏။ များစွာသော Variety Showတွေကလည်းကုမ္မဏီသို့လာရောက် ကမ်းလှမ်းကြသေးသည်။
ဥက္ကဌလီက သူ့အားဒီအတွက်ဘယ်လိုတွေးသလဲဟုမေးမြန်းလာရာ ရှန်ရှို့ကျဲကတော့ကျေးဇူးတင်ပြီးနောက် အဆုံးတွင်ဖိတ်ခေါ်မှုများအားငြင်းဆန်သည်ချည်းသာ။ သူ၏အားလပ်ချိန်တွင် ကိုယ်ပိုင်အနားယူမှုကိုသာ ပြုလုပ်ချင်တာဖြစ်၏။ ပြီးခဲ့တဲ့ ပရောဂျက်မှာ သူ၏ သရုပ်ဆောင်စွမ်းရည်မှာအလွန်တိုးတက်ခဲ့သောကြောင့် နောက်လာမဲ့ရုပ်ရှင်တွင်ပိုမိုကောင်းမွန်စွာလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အိမ်ပြန်ရောက်သည်နှင့် နေရာအားလုံးကို လျှောက်ကြည့်ပြီးတာတောင် ကျန့်ဟောက်ဖုန်း သည်မည်သူ့ကိုမျှမတွေ့ရသေးချေ။ သူကပေါ့ပေါ့ပါပါးပါး အဝတ်အစားများကိုလဲလိုက်ပြီး အောက်သို့ပြန်ဆင်းလာခဲ့ကာ တစ်ခန်းချင်းဆီလိုက်ကြည့်လာ၏။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now