အခန်း《20》ဇာတ်သိမ်းပိုင်း (Unicode&Zawgyi)

8.5K 1.2K 32
                                    

Unicode

ရှန်ရှို့ကျဲ၏ အင်တာဗျူးမှာ သောကြာနေ့နေ့လည်တွင် ထုတ်လွှင့်ဖို့ စီစဥ်ထား၏။ ထို့အပြင် ဒီတခေါက်မှာတော့ကျန့်ဟောက်ဖုန်းကို အထူးတလည်ပင် ကြည့်ဖို့ရန် ဖုန်းခေါ်ပြောထားသေးသည်။

ကျန့်ဟောက်ဖုန်းက သူ့ရုံးခန်းရှိတီဗီိကို မဖွင့်မှီ နာရီကိုတစ်ချက်ကြည့်လိုက်မိသည်။ ဤသည်မှာ ကြည့်ရှု့နှုန်းမြင့်မားသည့် အင်တာဗျူးဖြစ်သလို ရှန်ရှို့ကျဲ၏အင်တာဗျူးကလဲ ရက်သတ္တပတ်အဆုံးတွင် စီစဥ်မထားတတ်သည်မို့ ရွှေရောင်အချိန်လေးဖြစ်သည့်တိုင် တုန့်ပြန်မှုတို့ကလည်းကောင်းသည်ပင်။

အစီအစဥ်မှုးကလဲ ပညာကြွယ်ကာ စိတ်ရင်းကောင်းသူဖြစ်ပြီး ရှန်ရှို့ကျဲအား ထိုင်ခုံတွင်လာထိုင်ရန်မဖိတ်ခေါ်မှီ လက်ဆွဲနှုတ်ဆက်လိုက်သေးသည်။

"ကြိုဆိုပါတယ်...ရှို့ကျဲ!"

"ကျေးဇူးပါ.."

စီစဥ်သူကပြုံးလျက် ပေါ့ပေါ့ပါးပါးပင် စကားစလာသည်။

"တကယ်တော့, ရှို့ကျယ်နဲ့ကျွန်မက သိတာကြာပြီပေါ့...ဒီနယ်ပယ်ကို မင်းဝင်လာကတည်းကလေ.."

ရှန်ရှို့ကျဲက ခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်တာပေါ့..စောင့်ရှောက်ပေးခဲ့တဲ့အတွက် ဝေ့ကျဲကိုကျေးဇူးတင်ပါတယ်"

"ရှို့ကျဲကအခုဆို လူသိများလာပြီ!အမှန်တော့ ကျွန်မလည်းမင်းရဲ့တိုးတက်မှုတွေကို အမြဲစောင့်ကြည့်နေခဲ့တာ။ မင်းရဲ့ စခဲ့တဲ့နေရာကအရမ်းမြင့်မြင့်ဆိုတော့...မင်းကအဲ့ဒီ ပရောဂျက်မှာ အမျိူးသားဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့တယ်နော်!ဒါပေမယ်လည်း နှစ်တွေကြာလာတာနဲ့ ဘာလို့အားလျော့သလိုဖြစ်သွားရတာလဲ?"

ရှန်ရှို့ကျဲက ပါးနပ်စွာမဖြေကြားမှီရယ်မောလိုက်သေးသည်။

"ဝေ့ကျဲ, အစ်မကျွန်တော့်ကိုသိတာပဲ...ကျွန်တော့သရုပ်ဆောင်စကေးက အသင့်အတင့်ဆိုရုံပဲ!ဒါကြောင့် ကျွန်တော်အရင်က လူသိမများဘူးလေ။ အနည်းဆုံးတော့ ကျွန်တော်တို့ပရိတ်သတ်က ရုပ်ရှင်အနုပညာတွေကို ဘယ်လိုခံစားရမလဲဆိုတာ သိကြတာပဲ "

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now