အခန်း《13》(Unicode&Zawgyi)

5.9K 1.1K 11
                                    

Unicode

နောက်တစ်နေ့ရိုက်ကူးရေးတွင် သူတို့ခြောက်ယောက်မှာ အဖွဲ့ခွဲခံလိုက်ရပြီး ဟုန်ထျန်းက သုံးယောက်မှာတစ်ဖွဲ့တည်းကျလေသည်။ ရှု့တိက လူအများအပေါ် အာဃတထားရုံမက စိတ်သဘောထားလည်းသေးသိမ်သူဖြစ်သည်မို့ သူ၏လုပ်ရပ်အများအပြားကိုကင်မရာတွင် ဖမ်းမိလေသည်။

ရှန်ရှို့ကျဲမှာ ဤအစီအစဉ်ကို အမှန်ပင်ထုတ်လွှင့်ခဲ့ပါက ရှု့တိ၏ ပုဂ္ဂိုလ်ရေးကတော့ဖြင့် တစ်စပြီးတစ်စပြိုလဲလာလိမ့်မည်ဟုတွေးမိသော်လည်း  ကျန်းလုယောင်ကတော့ ခံနိုင်ရည်ရှိနေဦးမည်ဟု ထင်မိသည်။
သူတို့သုံးယောက်၏ Missionအဆုံးသတ်မှာ တောင်ထိပ်တွင် တဲထိုးပြီးတစ်ညအိပ်ဖို့ရန်နှင့် သူတို့ကိုယ်တိုင်ညစာစားဖို့ကိုဖြေရှင်းကြရန်ဖြစ်သည်။

တောင်ပေါ်တွင်အစာရှာရန်မှာ အရမ်းမခက်ခဲသည့်မို့ ရှန်ရှို့ကျဲမှာ ကိုယ်တိုင်တစ်ခါမှမလုပ်ဖူးသော်ငြား သူငယ်စဥ်ကအချို့သောခက်ခဲမှုတို့ကို ဖြတ်သန်းဖူးသည်ဖြစ်၍ ဤအရာများသည် သူလက်ခံနိုင်သည့်အတိုင်းအတာအတွင်းသာရှိ၏။
သို့သော်လည်း ရှု့တိမှာတော့ သူတို့၏Missionကြောင့် လုံးဝကိုပြဿနာတတ်နေပြီဖြစ်သည်။ ရှန်ရှို့ကျဲမှာ သူကဟုရှန်းကဲ့သို့ အတော်အတန်ကြီးမားတဲ့နောက်ခံနှင့် ချမ်းသာသည့်သခင်လေးဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်ဟု ထင်မိသည်။

သူတို့က လုပ်ကိုင်ရမဲ့Missionတွေကိုခွဲဝေလိုက်ပြီးနောက် ရှု့တိက အလျင်အမြန်ပင် ကျန်းလုယောင်အား ဖမ်းဆုပ်လိုက်ကာ သူနှင့်အတူ အစားအစာရှာဖို့ရာ ဆွဲခေါ်သွားလေသည်။
ဤသည်က ရှန်ရှို့ကျဲသည် ဝိုင်းကျဥ် ခံရလိုက်ရသည်ဟုထင်ရှားလေသည်။ ထို့နောက် တဲထဲတွင်တစ်ဦးတည်းကျန်ရစ်ခဲ့ကာ သူက မီးစတင်မွှေး၍ ရေနွေးတည်လေ၏။

ရှု့တိ၏မျက်နှာကို မျက်နှာချင်းမဆိုင်ရခြင်းသည် အမှန်အတိုင်းဆိုလျှင် ရှန်ရှို့ကျဲအဖို့ အတော်စိတ်ချမ်းမြေ့ဖွယ်ဖြစ်၏။

ပရိုဂရမ် ဒါရိုက်တာကလိုအပ်သည့်ပစ္စည်းများအဖြစ် မီးခတ်ကျောက်၊ထင်း၊ မီးခြစ်နှင့်ကောက်ရိုး ၊ ဓာတ်ဆီကိုလဲပေးထားသည်။ အားလုံးထံမှနှစ်ခုကိုသာ ရွေးချယ်နိုင်မှာဖြစ်သည်။
မီးခတ်ကျောက်မှာ နောက်ဆုံးပိတ် အသုံးပြုနိုင်သည့်ဖြစ်လာကာ ထင်းနှင့်မီးခြစ်တို့ကိုတွဲသုံးနိုင်သော်လည်း ဆက်တိုက်အသုံးပြုရန်ကဖြင့် မဖြစ်နိုင်ပေ။
အများကြီးမတွေးတော့ပဲ ရှန်ရှို့ကျဲမှာ မီးခတ်ကျောက်ပေါ်တွင်ကောက်ရိုးပျော့များတင်လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။သူ့အတွက် Outdoor-Survivalပုံစံဖြစ့်သည်မို့ ဓာတ်ဆီကဲ့သို့အန္တရယ်ရှိသည့်အရာများကို ရှောင်သည်ကပိုကောင်းလေသည်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now