အခန်း《19》(Unicode&Zawgyi)

6.5K 1.1K 38
                                    

Unicode

လတ်တလောတွင် ရှန်ရှို့ကျဲမှာ အလုပ်အလွန် များလျက်ရှိပြီး ၎င်းသည် အမှန်ပြောရပါလျှင် အတော်လေးလွန်လွန်းနေပြီ ဟုသတ်မှတ်ရာ၏။ သခင်လေးကျန့်သည် သူ၏လက်မောင်းများကိုပိုက်ထားပြီး အလွန့်အလွန် ဆိုးသွမ်းအေးစက်သည့် အမျိုးသားတစ်ယောက်က သူ့အားကြည့်နေသည့်အတိုင်း တည်ငြိမ်လွန်းလှသည်။ ရှန်ရှို့ကျဲကတော့ သူပေးပို့လိုက်သည့် ထိုအကြည့်ကိုအသိအမှတ်ပြုရန် ငြင်းဆန်နေပြီး ဤသည်မှာ ကျန့်ဟောက်ဖုန်းအား အလွန်ပင်မပျော်မရွှင်ဖြစ်သွားရစေ၏။

ရှန်ရှို့ကျဲ၏ရှေ့မှောက်မှာပဲ သူသည်ဖုန်းကိုကောက်ယူလိုက်ကာ ဥက္ကဌလီကို ဆက်သွယ်လိုက်သည်။

"လီမင်!မင်းရှန်ရှို့ကျဲကို အလုပ်ပိုလုပ်ခိုင်းဖို့စီစဥ်ထားတာမျိုး မရှိစေဖို့မျှော်လင့်တယ်!"

ဥက္ကဌလီခမျာ အပြစ်ကင်းစွာ ဖြင့်ပြန်ဖြေလာ၏။

"မင်းမိန်းမက ဒါကိုတာဝန်ယူခဲ့တာကွ!"

ကျန့်ဟောက်ဖုန်းက ဒေါသတို့ဖြင့်ဖုန်းချလိုက်ပြီး ရုတ်တရက် ရှန်ရှို့ကျဲအား သရုပ်ဆောင်ဖြစ်လာဖို့ ခွင့်ပြုပေးခဲ့သည်ကို ကြီးမားသော နောင်တသဖွယ်ခံစားလာရ၏။

ရှန်ရှို့ကျဲမှာ သူ၏ကျန်ရှိနေသော ရိုက်ကူးရေးပရောဂျက် ပြီးဆုံးသွားသည့်နောက် ပြန်လာသည့်အခါ ချက်ချင်းပဲ အင်တာဗျူးပရိုဂရမ်ကို တက်ရောက်ဖို့ သွားရလေသည်။ အလုပ်မှအထူးတလည်ပင် စောစောပြန်လာခဲ့သည့် ကျန့်ဟောက်ဖုန်းမှာတော့ သူ့ကိုလွမ်းရသည်ဖြင့်သာ ဇာတ်သိမ်းသွားရ၏။ ထို့ကြောင့် သူမှာ အွန်လိုင်းတွင်သာ ဇာချဲ့နေဖို့ပဲရှိသည်။

ကျန့်ဟောက်ဖုန်းသည် သူတကယ်ပင် နည်းလမ်းပေါင်းစုံ၌ကျွမ်းကျင်သကဲ့သို့ ခံစားရ၏။ သူသည် ခုထိတိုင်မသိမသာဖြင့် ရှန်ရှို့ကျဲအားFollowထားပြီး ရှို့ကျဲ၏Fanတို့ဆီမှ အတင်းအဖျင်းတို့ကို ပြောရဲဆိုရဲရှိလာအောင်အားပေးဖို့ရာဖြင့် အဆုံးသတ်သည်။
  

"ရှန်ရှို့ကျဲ၏ ဦးနှောက်ပျက်နေတဲ့ ပရိတ်သတ်တွေကို ဘန်းဖို့ အသနားခံစာ "

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now