အခန်း《12》(Unicode&Zawgyi)

7K 1.1K 23
                                    

Unicode

အခန်း《12》

ဥက္ကဌလီက ရှန်ရှို့ကျဲအား ခေါ်လာတဲ့အခါတွင်သူသည် အိပ်ရာထက်တွင်လှဲကာ weiboပွတ်နေတာဖြစ်သည်။တကယ်တော့ အနားယူနေချိန်တွင် ဇာတ်ညွှန်းမှလုပ်ဆောင်ရမည်နှင့် သူ၏သရုပ်ဆောင်ပိုင်းအတွက် အချက်အလက်အသေးစိတ်တို့ကို ရေးဆွဲနေတာ ဖြစ်၏။
ယခုမူ သူ့၏သရုပ်ဆောင်စွမ်းရည်မှာ တိုးတက်လာသည်ဟု ရေရာစွာ မပြောနိုင်သေးသော်လည်း သူ၏အိပ်ရာစကေးကတော့ဖြင့် အဆင့်မြင့်နေပြီဖြစ်သည်။ ထို့နောက် သူ့ခါးကိုဖွဖွလေးနှိပ်ရင်း ဥက္ကဌလီ၏ဖုန်းကိုဖြေလိုက်သည်။

"ဥက္ကဌလီ, ကျွန်တော့်ကိုရှာနေတာလား?"

ဥက္ကဌလီက တခြားတစ်ဖက်ကနေဆိုလာသည်။

"ရှို့ကျဲ, reality Showဖွင့်ပွဲတစ်ခုရှိတယ်!မင်းစိတ်ဝင်စားလား?မင်းသွားမယ်ဆို ဟုန်ထျန်းရဲ့မျက်နှာသစ်နှစ်ယောက်နဲ့သွားရလိမ့်မယ်။ ပွဲစီစဥ်သူက မင်းပါဖို့အတွက်အရမ်းစိတ်ဝင်စားနေတာ ငါ့ကိုတောင်ဖုန်းနဲ့တိုက်ရိုက်ဆက်သွယ်လာတယ်"

ပွဲစီစဥ်သူထံမှ ထပ်ခါထပ်ခါဖိတ်ကြားမှု မရှိလျှင် ဥက္ကဌလီကလည်း ရှန်ရှို့ကျဲကို ထိုအတွက် ဆက်သွယ်နေမည်မဟုတ်ပေ။ ထို့ကြောင့် တစ်ခဏမျှဆုံးဖြတ်လိုက်ပြီး ရှန်ရှို့ကျဲကလက်ခံလိုက်တော့သည်။ ပြီးလျှင် ဥက္ကဌလီရဲ့ဆုံးရှုံးနေသည့်မျက်နှာအားအဖြစ်မခံနိုင်ပါပေ။

သူ၏ လာမည့်ပရောဂျက်ရောက်ဖို့ နောက်ထပ်နှစ်လတောင်လိုသေးတာဖြစ်သည်။ ရှန်ရှို့ကျဲမှာ အလုပ်မရှာပဲ အိမ်တွင်နေ့တိုင်းလိုလိုအချိန်ကုန်နေပါက် သူ၏ကံကြမ္မာသည်မည်သို့ဖြစ်လာမည်ကို တွေးတောရင်း သူ့ခြေထောက်များကိုးအလုပ်ပေးလိုက်တော့သည်။

ကံကောင်းစွာဖြင့် ရက်သတ္တပတ်တစ်ခုကုန်ဆုံးတာသည် အရမ်းရှည်လျားသည်မဟုတ်။ တစ်ခုပြီးလျှင်သူသည်အိမ်ပြနိလာနိုင်ပြီး ကျန့်ဟောက်ဖုန်းနဲ့ ဆက်လက်အချိန်ဖြုန်းနေနိုင်ဦးမည်ဖြစ်သည်။

ကျန့်ဟောက်ဖုန်းပြန်လာသည့်အခါ ရှန်ရှို့ကျဲက သူ့ပစ္စည်းတွေထုတ်ပိုးရင်းအလုပ်များနေခဲ့သည်။ ထို့ကြောင့် ဝေဝါးစွာဖြင့်မေးမြန်းလိုက်သည်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now