အခန်း 《10》(Unicode&Zawgyi)

6.4K 1.1K 23
                                    

အခန်း 《10》

Unicode

ဒါက ကျန့်ဟောက်ဖုန်းအတွက် တစ်စုံတစ်ဦးနဲ့တက်တက်ကြွကြွကို စကားပြောချင်စိတ်ရှိလာတာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ ဝိုင်ခွက်ကိုကိုင်ကာ မတ်တပ်ရပ်နေစဥ်မှာပင် လူအများကသူ့အား တချွင်ချွင်မြည်အောင်ပင်ခွက်ချင်း လာတိုက်ကြလေသည်။သို့ရာတွင် သခင်လေးကျန့်သည့် ဝိုင်ကိုခဏခဏ မော့သောက်ကာ တစ်စုံတစ်ခုထံ၌သာ နစ်မြှုပ်ပြီးစိတ်လွတ်နေပုံပေါ်လေသည်။

လင်ရှန်းစန်က သူ့အားတွေ့သောအခါ သခင်လေးကျန့်သည် အချိုပွဲတို့ကို မသိမသာဖြင့် တိတ်တဆိတ်ယူရန် နည်းလမ်းကို စဥ်းစားရင်းအလုပ်များနေလေ၏။ သူ၏အတွင်းစိတ်ကိုဖုံးကွယ်ဖို့ကြိုးစားနေသော်လည်း သူသည်ဒီပွဲ၏ပိုင်ရှင်ဟူသောအချက်ကိုမေ့နေလေဟန်တူလေသည်။ ဒီအချိူပွဲများဟာ မည်သူမဆို မိမိကြိုက်နှစ်သက်ရာကို ယူနိုင်ဖို့ထားရှိထားတာလဲဖြစ်၏။

လင်ရှန်းစန်က သူ့ဝိုင်ခွက်ကို မ လိုက်ကာ ဟောက်ဖုန်း၏ခွက်နဲ့တိုက်လိုက်ချင်းမှာပင် သခင်လေးကျန့်သည် ရုတ်တရက်ဆန်စွာပဲမေးခွန်းတစ်ခုဖွင့်ထုတ်လာ၏။

"ချိုတာလေးတွေ စားချင်သေးလား?"

"ဟမ်?ငါချိုတဲ့ဟာတွေသိပ်မကြိုက်ဘူး.."

"အဲ့ဒါဆိုလဲ ငါယူဖို့လိုက်ခဲ့စမ်းပါ!"

လင်ရှန်းစန်ကခေါင်းညိတ်လိုက်ပြီ သူနဲ့အတူ လိုက်ပါလာခဲ့သည်။

အမျိူးမျိူးသောအချိုပွဲတို့ဟာ ကနား၏အရှေ့ရှိ စားပွဲရှည်ပေါ်တွင်အစီအရီခင်းကျင်းထားလေသည်။ သူတို့ဟာ နူးညံမွေးပျံ့ကာ စားချင့်စဖွယ်ကောင်းနေ၏။
ရှန်ရှို့ကျဲက ဆိုင်ရှင်ဝမ်နှင့်အတူကူညီနေတာဖြစ်ကာ ခေါင်းကိုမော့လိုက်သည့်အခါ ကျန့်ဟောက်ဖုန်းအားတွေ့သွားလေသည်။ ထို့ကြောင့် အမြန်ပင်သူ့အားခေါ်လိုက်မိသည်။

"ခင်ဗျားပဲ!ခုနကအတွက် တောင်းပန်ပါတယ်"

သခင်လေးကျန့်သည် မည်သည့်အမူအရာမှမပြသော်လည်း ခေါင်းကိုညိတ်ပြလိုက်ကာ သူလိုချင်သော အချိုပွဲတွေကိုစရွေးတော့သည်။ ရှန်ရှို့ကျဲသည် တစ်စုံတစ်ယောက်အားတိုက်မိပြီးမှနှုတ်နဲ့သာ တောင်းပန်ခြင်းသည် မကောင်းသလိုခံစားရသောကြောင့် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကွတ်ကီးမျကိုထုတ်ယူလိုက်ကာ ကိုင်ဆောင်ရင်း ကျန့်ဟောက်ဖုန်းရှေ့သို့သွားလိုက်၏။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now