အခန်း 《7》(Unicode&Zawgyi)

7.5K 1.2K 17
                                    

အခန်း 《7》

Unicode

ဒါရိုက်တာကသူ့ကိုခေါ်မလာခင်အချိန်ထိ ရှန်ရှို့ကျဲနဲ့ ကျန့်ဟောက်ဖုန်းတို့ ခဏမျှစကားပြောနေခဲ့ကြသည်။
ရှန်ရှို့ကျဲက ဒါရိုက်တာရဲ့ အရင်ဇာတ်ကားတစ်ကားမှာ ပါဝင်ခဲ့သူမို့ ဒါရိုက်တာနဲ့လည်း အတော်အတန်သိကျွမ်းလေ၏။သူ့အနေဖြင့် အမျိုးသားသရုပ်ဆောင်များထဲမှ တစ်ဦးပင်ဖြစ်ခဲ့လင့်ကစား သူသည် ရှန်ရှို့ကျဲအားသဘောကျလေသည်။ သူကများစွာသော အကူအညီတွေပေးရန် စိတ်ဝင်စားခဲ့သော်လည်း ရှန်ရှို့ကျဲကမူ အမှန်တကယ်ပင် ထိုဇာတ်ကားရိုက်ရန် အရည်အချင်းမပြည့်မှီသောကြောင့် အဆုံးမှာတော့အဲ့ဒီအစီအစဥ်ကိုပယ်ဖျက်လိုက်ရတာဖြစ်သည်။

သူလမ်းလျှောက်လာသည်ကိုမြင်ရသောအခါ ဒါရိုက်တာကသူ့အားထိုင်ဖို့ အချက်ပြလာသည်။ ထို့နောက်မှာတော့ ဇာတ်ညွှန်းစာရွက်ကိုထုတ်လာကာ သူ့အားပြောလာ၏။

"ရှောင်ရှန်, ငါမင်းအတွက် တချို့အခန်းတွေထပ်ထည့်မှဖြစ်မယ်!အဲ့ဒါတွေကနည်းနည်းတော့မင်းအတွက်ခက်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ ဇာတ်ကားပါတနာက ချန်ယီဆိုတော့ သူကသူမင်းကိုကူညီနိုင်တယ်လို့ပြောတယ်!ဒီအခန်းကအရမ်းအရေးကြီးတယ်နော်.ဒါကြောင့်မင်းကြိုးစားမယ်မလား ရှောင်ရှန်?"

ရှန်ရှို့ကျဲက ဒါအတွက် အများကြီးမတွေးနိုင်ပေ။အခန်းပိုတွေရှိလာခြင်းက ကောင်းတဲ့အရာပဲဆိုပေမဲ့ သူကသူ့အရည်အချင်းအတွက် စိတ်ပူနေတုန်းပဲ။ ဒီဇာတ်ကားကလည်း ဘက်ဂျက်မြင့်မားတဲ့ ပရောဂျက်တွေထဲကတစ်ခု ဖြစ်တဲ့အပြင် ဒီနှစ်ရဲ့ အကြီးအကျယ်ဖြစ်မဲ့ပရောဂျက်လည်းဖြစ်သည်။

မင်းသား နဲ့မင်းသမီး နှစ်ယောက်လုံးကလည်း ရုပ်ရှင်လောကတွင် ဘုရင်နဲ့ဘုရင်မသဖွယ်အဆင့်တွင် ရှိကြသည်။ထို့ကြောင့်ပင် ဒါရိုက်တာရဲ့ မျက်လုံးထဲတိုးတာကိုက သူ့အတွက်ကံကောင်းမှုလေးပဲ။
သူကအသက်ရှူထုတ်လိုက်ကာ သက်သာရာရစေပြီးနောက် ပြောလိုက်သည်။

''ကျွန်တော့်ကို ရှင်းပြပေးနိုင်မလား?"

ရုပ်ရှင်ရဲ့ ဇာတ်ကြောင်းမှာ အဓိကအားဖြင့် ကြီးကျယ်မြင့်မြတ်သော မိသားစုတစ်စုရဲ့ အနိမ့်အမြင့်ဘဝဇာတ်ခုံပင်။
အဓိကဇာတ်ကောင်ရဲ့အဖေက သူ့မိသားစုကို သာမန်အတန်းလွှာတွေကနေ အထိန်းအကွပ်မဲ့တဲ့ဘုန်းတန်ခိုးဆီသို့ သယ်ဆောင်လာခဲ့ပြီး  မိသားစုဆက်ဆံရေးအတွင်း ရန်ပွဲတွေ တိုးပွားလာခြင်းရလဒ်ဟာ မြင့်မြတ်တဲ့အိမ်ကိုယိုယွင်းပျက်စီးစေတဲ့အချိန်အထိပင်ဖြစ်သည်။
ရှန်ရှို့ကျဲသရုပ်ဆောင်ရသည့်ကာရိုက်တာက အရမ်းအရေးမကြီးပါပေ။ သို့ပေမဲ့လည်းလိုအပ်နေဆဲသရုပ်ဖြစ်သည့် သခင်လေး၆နေရာ ဖြစ်သည်။ သခင်လေး၆ဟာ နေမကောင်းတဲ့အမျိူးသားတစ်ဦးဖြစ်တာမို့ မိသားစု၏ချမ်းသာကြွယ်ဝမှုနဲ့ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ရန် ဝင်ရောက်ယှဥ်ပြိုင်ဖို့ အခွင့်အရေးမရှိသည့်အပြင် သူသည် မိသားစုစီးပွားရေးလုပ်ငန်းလည်ပတ်ခြင်းအတွက်လဲတန်ဖိုးမရှိပေ။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now