အခန်း《15》(Unicode&Zawgyi)

6.2K 1K 49
                                    

Unicode

တဲက မီးလောင်ပျက်စီးသွားပြီမို့ ပထမရက်၏ရိုက်ကူးရေးအားလုံးမှာ အသုံးမဝင်လုနီးပါးဖြစ်သွားလေသည်။ ထုတ်လုပ်ရေးအဖွဲ့သည် ကိုယ်တိုင်ကိုယ်ကျ အပြင်ဘက်တွင်သစ်သားတဲများဆောက်ရသည့် နောက်missionကိုသာ ညှိရလေတော့သည်။

မနေ့ကပက်ပင်းကြုံရသည့်အကျိူးဆက်ကြောင့် ရှု့တိမှာ ပို၍ပင် ငြိမ်ချက်သားကောင်းလာခဲ့၏၊ ထို့အပြင် သူတွင် ရှန်ရှို့ကျဲအား စွပ်စွဲကာပြိုင်ဆိုင်ဖို့ကြိုးစားလိုစိတ်အလျဥ်းလဲ မရှိနေတော့ပေ။ ရိုက်ကူးရေး၏ကျန်ရှိနေသည့်အပိုင်းများမှာအတော်လေးထူးခြားတာမျိူးမရှိတော့ပေ၊ ထို့ကြောင့်ရက်သတ္တပတ်နှစ်ပတ်မျှကုန်ဆုံးပြီးနောက် ရှု့တိမှာ ရှန်ရှို့ကျဲအားပို၍ပင်သိလာရလေ၏။ ပုံမှန်သူ၏မထီတရီပုံစံမျိုးနဲ့ပင် သူကမေးမြန်းလာသည်။

"ရှန်ကော, ဒီမတိုင်ခင်ကကျွန်တော်မှားခဲ့ပါတယ်...ရက်တော်တော်များများအတူရှိပြီးတော့ ကျွန်တော်ပြောချင်တာလေးက ဂရုစိုက်ပေးတာအားလုံးအတွက်ကျေးဇူးပါပဲ"

ရှန်ရှို့ကျဲကထုတ်ပိုးရင်းအလုပ်များနေလျက် ပေါ့ပါးစွာပင်ခေါင်းယမ်းလိုက်သည်။

"ဒါကဘာမှမဟုတ်ပါဘူး။ငါကမင်းတို့ နှစ်ယောက်လုံးရဲ့စီနီယာပဲလေ..မင်းတို့ကိုဂရုစိုက်ပေးရမှာပေါ့."

ကျန်းလုယောင်ကလည်း သူတို့ဘေးသို့ရောက်လာကာထိုင်လိုက်ပြီးစကားစမြည်စတင်လာခဲ့သည်၊ သူ့ထံတွင်ခေါင်းထဲလုံးထွေးနေသည့် တစ်စုံတရာရှိနေသေးသည်။ ထို့ကြောင့် မကွယ်မဝှက်ပဲမေးမြန်းလိုက်၏။

"ရှန်ကော, ကျွန်တော်တစ်ခုခုလောက်မေးလို့ရမလား?"

"ဆက်ပြောလေ.."

"ရှန်ကော, ကောကချောလဲချော၊Fanတွေအသည်းစွဲတဲ့ပုံစံမျိူးပဲကို..ဘာလို့ဒီနှစ်တွေအတွင်းမှာ ရေပန်းစားမလာရတာလဲ?အဲ့ဒါ အထူးကမ်းလှမ်းချက်တွေနှစ်ခုထက်မက ငြင်းခဲ့လို့မလား?"

ကျန်းလုယောင်ကပိပိရိရိဖြစ်စေရန် ပြောဆိုနေသော်ငြား ရှို့ကျဲကတော့သူဘာကိုဆိုလိုသလဲ နားလည်လေ၏။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now