အခန်း 《5》(Unicode&Zawgyi)

10.5K 1.2K 43
                                    

Unicode

နေ့လည်စာစားပြီးနောက် ကျန့်ဟောက်ဖုန်းမှာ နောက်ထပ်တတ်ရဦးမည့် အစည်းအဝေးရှိနေသေးသည်။ ပြီးလျှင် သူ၏စိတ်ထဲတွင် ရှန်ရှို့ကျဲအား ဟုရှန်းနှင့် တွေ့ဆုံသည်ကို အလွန်အမင်းပင် ခွင့်မပြုချင်လည်း သခင်လေးကျန့်ဟာ ရှန်ရှို့ကျဲ၏ ပေါင်းသင်းဆက်ဆံရေးများကို ဘယ်တော့မှ တားမြစ်လိမ့်မည်မဟုတ်ပေ။
ဒါကြောင့် သူဟာ အေးဆေးတည်ငြိမ်စွာဖြင့်သာမေးလိုက်သည်။

''မင်းတို့နှစ်ယောက် ဘယ်အချိန်လောက်ပြီးမှာလဲ? ငါမင်းကိုလာကြိုပေးရမလား?''

''Mmm...သိပ်တော့မကြာလောက်ပါဘူး။ ဒါပေမဲ့ ခင်ဗျားကျွန်တော့်ကို လာခေါ်ပေးမယ်ဆိုရင် ကျွန်တော် အဲ့ဒီကို taxiနဲ့ပဲသွားလိုက်မယ်။ ခင်ဗျားအလုပ်ပြီးတာကိုစောင့်ရင်း သူနဲ့ ခဏလောက် အချိန်ဖြုန်းလိုက်မယ်''

''အဲ့တာဆိုလဲ အိမ်ကို မင်းဘာသာ ကားမောင်းပြန်တာပိုကောင်းမယ်''

"......."

ဟုရှန်း.. ကျန့်ဟောက်ဖုန်း ပြောခဲ့သည့်အတိုင်းပင်။ လူအများ၏ ပါးစပ်တွေကနေ ထွက်လာသည့် သူ့အကြောင်းများသည် ချီးမွမ်းခံရဖို့ဝေးစွ။ ထို့အပြင် သူ၏ကိုယ်ပိုင်ဘဝသည်လည်း လုံးဝကိုရှုပ်ထွေးနေသူဖြစ်သည်။
ရှန်ရှို့ကျဲ၏ ပထမဆုံးဇာတ်ကားမှာ ဟုရှန်းနှင့်အတူရိုက်ကူးခဲ့တာဖြစ်ပြီး အဲ့နောက် ရှန်ရှို့ကျဲက လေဆောင်ယူဖြန့်ကျဲသော * အမျိုးသားဇာတ်ဆောင်ဖြစ်လာသည်။
ထို့နောက် မြေကြီးထဲကနေ တူးလို့မရနိုင်လောက်အောင် ဆိုးဆိုးရွားရွားကို အဖတ်ဆယ်မရခဲ့သော ဤဇာတ်ကား၏ တစ်ခုတည်းသော ကောင်းကွက်သည် ရှန်ရှို့ကျဲနှင့်ဟုရှန်းတို့၏ ချစ်ခင်ရင်းနှီးမှုကိုတော့ဖြင့် အောင်မြင်အောင်ပံ့ပိုးနိုင်ခဲ့သည်ပင်။

ဟုရှန်းနှင့် ရှန်ရှို့ကျဲ နှစ်ယောက်လုံး ဒီလောကထဲကို အတူဝင်လာခဲ့ကြတာဖြစ်ပေမဲ့ ဟုရှန်းကတော့ ပထမတန်းသရုပ်ဆောင်များတွင်် ပါဝင်နေပြီဖြစ်သည်။
သူတို့သည် ပုဂ္ဂလိကပိုင် လက်ဖက်ရည်ဆိုင်လေးတွင်တွေ့ရန်သဘောတူခဲ့ကြပြီး ရှန်ရှို့ကျဲရောက်လာတဲ့ အချိန်မှာတော့ ဟုရှန်းမရောက်သေးပေ။
ရှန်ရှို့ကျဲ ခဏမျှထိုင်စောင့်နေစဥ်အခိုက် လက်ဝှေ့ယမ်းကာ လမ်းလျှောက်လာနေသော ဟုရှန်းကိုမြင်လိုက်ရသည်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now