အခန်း《17》(Unicode&Zawgyi)

6.4K 1.1K 27
                                    

Unicode

ဟုရှန်း၏အဘိုးမွေးနေ့ဟာ လာမည့်တနင်္ဂနွေနေ့တွင်စီစဥ်ထားလေ၏။ ပြီးနောက် ရှန်ရှို့ကျဲက ဝတ်စုံပြည့်ဖြင့် အထူးတက်ရောက်ရန်ထွက်ခွါလာခဲ့သည်။ သူဟာ ဟုရှန်း၏မိသားစုတွင် အတော်လေးရှိန်ရသည့်နောက်ခံရှိမည်ဟု သိနှင့်ပြီးသားဖြစ်၏။ ထိုသို့သိထားသည့်တိုင် ကျင်းပရာနေရာသို့ရောက်သည့်အခါ၌ ဧည့်သည်အားလုံးမှာ လူမှုနယ်ပယ်၏အထက်တန်းလွှာတို့ရှိ အောင်မြင်နေသူအသီးသီးဖြစ်နေသည်ကို မြင်ရသည့်အခါ ထိုအဖို့ အနည်းငယ်ထိတ်လန့်သွားသည်ပင်။
  
လက်ထဲတွင် ဝိုင်ခွက်နှင့် ဟုရှန်းကသူ့ကိုတွေ့ရန်ရောက်လာပြီးပြောလာ၏။

"မင်းငါနဲ့လာပူးပေါင်းတာကံကောင်းတာပဲ!တစ်နည်းဆိုရရင် ထိပ်ပြောင်လူအိုကြီးတွေ အပြုံလိုက်နဲ့သောက်နေရတာ ပျင်းလို့သေတော့မလိုပဲ!"

ရှန်ရှို့ကျဲကပြန်မဖြေမှီလေး သူနှင့်ခွက်ချင်းတိုက်လိုက်သေး၏။

"အဲ့ဒီလူတော်တော်များများက ဘဏ္ဌာရေးမဂ္ဂဇင်းမျိူးစုံမှာ ပါလာဖူးကြတယ်ဟုတ်?"

"အင်း...သူတို့အားလုံး အတော်လေးအောင်မြင်နေကြသူတွေချည်း..."

"ငါမင်းရဲ့မိသားစုနောက်ခံက ဒီလောက်ထိကြီးတာကိုမသိခဲ့ဘူး ..."

"ကျန့်မိသားစုနဲ့တော့ မယှဥ်နိုင်ပါဘူးဗျာ!"

"မင်းကငါ့ကိုမြှောက်နေတာပဲ"

နှစ်ယောက်သား တစ်ခဏမျှ အပြန်အလှန် ချီးမွမ်းလိုက်ရင်းစတင်ရယ်မောဖြစ်လိုက်၏။ ထို့နောက် စကားစမြည်ပြောအပြီးမှာ ဟုရှန်းက သူ၏အကြီးအကဲတို့ခေါ်ခံရ၍ထွက်သွားလေ၏။ ရှန်ရှို့ကျဲမှာ ကိုယ့်ဘာသာထိန်းလျက် သူ့အားစောင့်စားရင်းကျန်ခဲ့လေသည်။ ငါးမိနစ်မျှကြာပြီးသည့်နောက် တခြားလူတစ်ယောက်ကသူ့ထံလျှောက်လာပြန်၏။ ရှန်ရှို့ကျဲ ခေါင်းမော့ကြည့်လိုက်ရာ ရှူ့တိကိုမြင်လိုက်ရသည်။

ရှူ့တိက ခပ်ဝေးဝေးနေရာတွင်မတ်တပ်ရပ်လျက် သူ့အားသိသည့်အတိုင်း ဆက်လျှောက်လာဖို့ မဝံ့ရဲသကဲ့သို့ဖြစ်နေလေသည်။ သူ ရှန်ရှို့ကျဲကဘာလို့ဒီမှာရှိနေရသလဲ နားမလည်ချေ။ထို့နောက် ဆက်လျှောက်လာကာ အတည်ပြုလိုက်၏။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now