Unicode
မင်းအတွက်ရေးစပ်ထားတဲ့ ကဗျာလေးမှာ ကာရန်တွေမလိုအပ်ခဲ့ဘူး။
အချစ်ရေ...
စကားလုံးတွေ ကိုယ်မဖွဲ့နွဲ့တတ်ပေမယ့် မင်းအတွက်လို့ ရည်ရွယ်လိုက်တိုင်း အရာအားလုံးဟာ သေချာစီစဉ်ထားသလိုမျိုး အစီအစဉ်တကျလေး လှပသွားခဲ့တယ်။
စကားလုံးတွေကိုယ်မရွေးချယ်တတ်သည့်တိုင် မင်းအတွက်လို့ ရည်စူးမိရင် အရာအားလုံးဟာ အလိုအလျောက်လေး ပြည့်စုံသွားတတ်ခဲ့တယ်။
သဏ္ဌာန်စုံတဲ့ ရင်ခုန်ခြင်းတွေအကြား
ဒါကို အချစ်လို့များ ကိုယ်သုံးနှုန်းရင် မင်း လက် ခံပါ့လေမလား။နွေဦးမှာ မေပယ်လ်တွေ ကြွေကျသလိုမျိုး
မင်းပုခုံးလေးထံပါး ကိုယ်လှလှပပလေး ကြွေဆင်းလာပါ့မယ် ...မိုးဦးမွာ မိုးပေါက်ကလေးတွေ မင်းကို ကျီစယ်ကြသလိုမျိုး မိုးစက်တွေထဲ ကိုယ့်အကြင်နာတွေ ထည့်အပ်နှင်းလိုက်ပါ့မယ် ...
ဆောင်းဦးမှာ နှင်းစက် ကလေးတွေ ကျဆင်းကြသလိုမျိူး မင်းအတွက်အေးချမ်းခြင်းတွေ ဖျန့်လွှင့်ပေးပါ့မယ် ...။
ရာသီ စက်ဝန်းလေး အချိန်မှန် လည်ပတ်နေခဲ့သလိုမျိုး ပစ္စုပ္ပန်ရဲ့ ပြက္ခဒိန်တွေထဲ မင်းအနားထံပါး အျမဲ ခစားနေပါ့မယ်။
ခူးဆွတ်ခွင့်မရှိတဲ့ ကြယ်ပွင့်လေးကို မလှမ်းမကမ်းကနေပဲ ကိုယ်ဟာ အမြဲငေးကြည့်နေမှာမလို့ ငေးကြည့်နေခြင်းဟာများ ချစ်ခြင်းဆို ကိုယ်ဟာ မင်းကို မင်းထင်ထားတဲ့ အတိုင်းအတာလေးထက် ပိုရချစ်ပါတယ်။
တစ်ခါလွမ်းကြောင်းပြောမိတဲ့အခါ
ချစ်ခြင်းမေတ္တာတွေ နှစ်ဆတိုးလို့
မင်းရှိရာအရပ်လေး အေးချမ်းဖို့လည်း
ကိုယ်ဆုတောင်းပါဘိ အချစ်ရယ်။ကာရန်တွေ မရှိအပ်ခဲ့တဲ့ ကဗျာလေးဟာ မင်း ထင်ထားခဲ့တာထက် နူးည့ံပျော့ပြောင်းနေလိမ့်မှာမို့
ကိုယ့်ကိုယုံရင် ကိုယ့်အချစ်တွေကို မြင်အောင်ကြည့်ကွယ်။ကတိစကားတွေကို တိုင်တည်ပြီး ၊
နှလုံးသားတွေကို သက်သေပြုပြီး ၊
YOU ARE READING
Yellow Acacia
FanfictionYellow Acacia = Secret love 💛 မပြောဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိမ်အနက် Story by Eikiko_Kim