Twelve🌼

34 3 1
                                    

Unicode🌼

ကျောင်းဖွင့်ရက်တို့လည်ပတ်နေဆဲအချိန်ကာလလေးသည် တရွေ့ရွေ့ဖြင့် ခရီးနှင်လျက်ရှိသည်။ ပြက္ခဒိန်တစ်ခုအပေါ်တွင် တစ်ချက်ပြီးတစ်ချက်တိုးလာသောအမှားခြစ်ကလေးသည် ကုန်ဆုံးခဲ့လေသောရက်တို့နှင့်အတူ အချစ်ဦးနှင့်အတူရှိနေရသောကာလအပိုင်းအခြားလေးကို ဖော်ကြူးသည်။

ကျောင်းတွေဖွင့်ပါတော့ ထုံးစံအတိုင်းတူညီသောကျောင်းဝန်းထံ တူညီသောလမ်းခရီးမှ နှစ်ယောက်သောသူတို့ဟာလျှောက်လှမ်းမိပါချေသည်။

မည်သည့်စကားကိုမျှမဆိုမိကြပါဘဲ ထယ်ယောင်းနှင့်ဂျောင်ဂုဟာ လမ်းတစ်လျှောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ခိုးကြည့်ခြင်းဖြင့် ဗျာများနေကြရှာ၏။ လေပြည်ငယ်ဟာဖျော့တော့တော့ တိုးဝင်ရိုက်ခတ်ဖို့ရာအစရှာနေသော်ငြား လေပြည်ကိုမမှု၊အတွေးကိုယ်စီဖြင့် ဘေးတိုက်လျှောက်လှမ်းနေကြသော နှစ်ဦးသား၏အလည်တွင် တိုးဝေ့စရာလေပြည်မဆိုထားနှင့်၊ ကိုယ်ပိုင်အတွေးစိတ်ကူးမျှင်တို့ ပြည့်နှက်နေသည်မှာ ကမ်ဘာမြေပေါ်တွင် အရှည်ဆုံးနှင့် အပါးလွှာဆုံးချစ်ကြိုးမျှင်လေး သွယ်တန်းထားသည့်အလား။

"ဂျောင်ဂု..."

"စီနီယာ ထယ်ယောင်း"

ခေါ်သံနှစ်ခုသည်တစ်ပြိုက်နက်နီးပါး ရှေ့ဆင့်နောက်ဆင့်။ ပထမစကားသံမွာမူ ကျောင်းလမ်းတစ်လျှောက်ဘာကိုမျှမဆိုသည့် ဂျောင်ဂုအား ထယ်ယောင်းမှ အားမရစွာပင်ခေါ်လိုက်သည့်အသံဖြစ်ပြီး ဒုတိယမွာမူကား ထယ်ယောင်းအမည်ကိုရွတ်ဆိုလာပါသည့် တိုးလျလျမိန်းကလေးငယ်၏အသံ။

စီနီယာထယ်ယောင်းဟုခေါ်လာသော သူမကို ထယ်ယောင်းဟာစောင်းငဲ့ကြည့်မိတော့ ဂျောင်ဂုဟာလည်းထပ်တူပါပဲ မမှိတ်မသုန်လိုက်၍စိုက်ကြည့်သည်။ရှေ့မှ ထယ်ယောင်းရောဂျောင်ဂုပါ တစ်ခါမျှမမြင်ဖူးသည့် မိန်းကလေးဟာတော့ နီရဲရဲပါးဖောင်းဖောင်းလေးတို့၏ ဖော်ပြနေခြင်းကြောင့် ရှက်နေဟန်လေးဖြစ်နေသည်။

"ဘာများပြောစရာရှိလို့လည်းမသိဘူး "

ဟုတ်သည်။ ခေါ်လည်းခေါ်ထားသေး၊ ဘာမှလည်းမပြောပါဘဲ ခေါင်းကိုသာအတင်းငု့ံထားသောထိုမိန်းကလေးဟာရပ်စောင့်နေတဲ့လူနှစ်ယောက်ကိုမှ အားမနာ။ ထယ်ယောင်းလည်း သိပ်တော့ဖြင့်စိတ်မရှည်ချင်ဟန်လေးစွတ်လိုက်တော့မှ ထိတ်ပျာပျာမျက်ဝန်းတို့နှင့် ဦးခေါင်းကိုမော့၍ ထယ်ယောင်းကိုစိုက်ကြည့်လာသော သူမ။

Yellow AcaciaTempat cerita menjadi hidup. Temukan sekarang