Three🌼

98 14 17
                                    

Unicode

စိမ်းဖန့်သည့် ပါတ်ဝန်းကျင်အသစ်ရဲ့
လေပြင်းတစ်ကွေ့ဟာ
ချယ်ရီတွေကြွေသည်အထိ ခပ်ပြင်းပြင်း
တိုက်ခတ်သည်။

ကျောင်းအသစ်တစ်ခုတွင် ပထမဆုံးနေ့ရက်သည် အလွဲပေါင်းများစွာဖြင့် အစပြုခဲ့ရချေသည်။တစ်ဝေဝေ ကြွေနေသော ကျောင်းဝန်း ချယ်ရီပင်တို့သည် မိုးဖြိုင်ဖြိုင်ရွာနေသည့်အလားပင်။

နွယ်ပင်လေးနှယ် ကျောဘက်ခြမ်းတွင် ဝဲကာကျနေသော ထိုလူသား၏ ဆံသားပျော့ပျော့တို့သည် ခပ်အု့ံအု့ံကလေးပုံကျနေသည်။
သွယ်လျလွန်းလျက်ရှိသော လက်ချောင်းတို့သည် သင်ပုန်းထက်မှ ရေးပြထားသော
စာတို့အား ဂရုတစိုက် ကူးယူလျက်နှင့် အလုပ်များနေ၏။

ကျောပြင်ငယ်လေးမှ ပဲ့ထွက်နေသော
အရှိန်အဝါတစ်ခုသည် ဂျောင်ဂု၏ ဝဲဘက်အခြမ်းရင်အုံအား တစ်ဒုတ်ဒုတ်ခုန်မြည်စေမှုနှင့်အတူ ထိန်းချုပ်မရသော ရင်ခုန်သံတို့အား အဆက်မပြတ် ဖြစ်တည်စေသည်။

တစ်ယောက်ပြီး တစ်ယောက် ဝင်ထွက်သွားလာနေသော ဆရာတွေဟာ အားကြိုးမာန်တက်စာသင်ကြသလိုမျိုး သူဟာလည်း အညိုရောင်အပေါ်ဖုံး အကျႌအောက်မှ အကြင်သူ၏ ကျောပြင်ငယ်ကို တစ်ဝကြီးငေးသည်။ ကံကြမ္မာဟာ ပြန်လည်တွေ့ဆုံစေချင်၍သာ ဖန်ဆင်းပေးလိုက်ရသည်။
တစ်ကယ်တမ်း သူတစ်ယောက်နှင့်သာ စတင်ခဲ့သော ရင်ခုန်ခြင်းတို့တွင် တစ်ဖက်မှ အညိုရောင်မျက်ဝန်းပိုင်ရှင်သည် သူ့အား သိဟန်မပေါ်။

တစ်ယောက်ပြီး တစ်ယောက် အပြိုင်အဆိုင်
သင်ကြားသွားသည့် ဆရာမတိုင်း၏
အော်သံသည် ဒုတိယမြောက်အတန်းရှိ
သူ့နှလုံးခုန်သံလောက် ကျယ်မနေနိုင်။
စာဆိုလျှင် နဂိုတည်းမှ စိတ်ဝင်တစားရှိလွန်းသူ
ဂျောင်ဂုသည် တစ်ဝါးဝါးသန်းနေခြင်းဖြင့်
ဆရာမရှင်းပြသည့်စာအား သင်ကြားသည်။
မှတ်စုစာအုပ်လေးအတွင်းရှိနေသော
လျောက်ခြစ်ထားသည့် စာလုံးတို့သည်
သင်ကြားနေသည့်စာအပေါ် ဂျောင်ဂုဘယ်လောက် စိတ်ဝင်စားလည်းဆိုသည်ကို ပြသည်။

စာသင်ချိန်သည် တစ်ရွေ့ရွေ့ ကုန်ဆုံးပါ၏။
အကြင်သူသည် သူ့ဘက်ကို တစ်ချက်လေးမျှပင်
လှည့်၍မကြည့်။ သူတစ်ချက်စဉ်းစားမိပါသည်။ သူ့ကိုတစ်ချက်မှတောင် လှည့်မကြည့်လေတဲ့ သူ့ရဲ့ ပထမဆုံးသော ရင်ခုန်ခြင်းကို ဖြစ်စေခဲ့သူဟာ မာနခဲများဖြစ်နေလိမ့်မလား။

Yellow AcaciaWhere stories live. Discover now