Eleven🌼

45 6 15
                                    

Unicode

နှစ်သစ်သို့ပြောင်းမည့် နေ့အကူးအကြား
သင်းပျ့ံသည့် လေပြည်ငယ်ကို ဆောင်ယူတိုက်စားပါသည့် ဒီဇင်ဘာ၏ နောက်ဆုံးနေ့ရက်။
နှင်းခဲတို့ထူထဲထဲကျဆင်းနေသည့်အခါ
နေရောင်ခြည်သည် ဟိုတစ်ဖြောက် သည်တစ်ဖြောက်မှတစ်ပါး အစရှာမရ။

လတစ်ပေါင်းတို့ ကုန်ဆုံး၍
နှစ်သစ်လရက်သို့ ကူးပြောင်းမည့်
သိပ်မလိုတော့သော အချိန်ခရီးလေးတွင်
တစ်နှင်နှင်သယ်ဆောင်သည့် လေယူရာအတိုင်း
ကခုန် ယိမ်းနွဲ့နေသော တစ်ဝေဝေကြွေသည့်
ချယ်ရီတွေ...။

"ထယ်ယောင်း ငါဘာလုပ်ပေးရဦးမလည်း "

ညင်သာလွန်းရက်သည့် လျော့ရဲရဲလေသံငယ်
လေးဖြင့် အမျိုးသား၏ အမေးအတွက်
ထယ်ယောင်း ပြန်ဖြေစရာ အဖြေမရှိ။
တိမ်ဖုံးသည့် နေ့အကူးအကြားလေးတွင်
ညနေခင်း လေတိုက်နှုန်းသည် တစ္စထက္တစ္စ
ပို၍ပင် အရှိန်ပြင်းနေသည့်အတိုင်းပင်။

"ဒီမွာက ဘာမှလုပ်စရာမလိုတော့ပါဘူး
နှင်းတွေလည်းရှင်းပြီးပြီ ... သောက်ဖို့စားဖို့လည်း အဆင်သင့်ဆိုတော့ ထိုင်နေရုံပဲ"

ဟိုသည်ကြည့်လျက်ပင် တစ်ခုချင်းစီ
ဖြေကြားနေသည့် အညိုရောင်လေးအား
ဂျောင်ဂု ဒီအတိုင်းလေးပင် စိုက်ကြည့်မိသည်။
ရိုးရှင်းစွာ မြစ်ဖျားခံသော ချစ်ခြင်းမေတ္တာတွင်
ဤသို့ စိုက်ကြည့်မိရုံလေးဖြင့်ပင်
အကြင်နာတွေ ပိုလို့ယိုဖိတ်ရပါသည်။

လက်ညှိုးတစ်တွင်တွင် လှုတ်ခါရမ်းလျက်
နှူတ်ခမ်းပါးမှ ထွက်ပေါ်လာသော အသံသြရှရှမှသည် ပန်းနုရောင်အဆင်းရှိသော ပါးပြင်တစ်ဝှိုက်မှ လေးထောင့်သဏ္ဌာန် ပွင့်ချပ်ကလေးသည်
နှစ်သစ်မစခင်လေး သူ့ကို သမာဓိခန်းအောင်
လုပ်နေသည့်အလားပင်။

"ဒါဆို ငါကထိုင်နေရုံပဲပေါ့ "

"မထိုင်ချင်ရင် ကင်းမြှီးကောက်ထောင်နေလည်းရတယ် "

နှစ်ဦးသားကြားသို့ ဝင်ရောက်လာသော
ပက်ဂျီမင်းလေးသည် အဆီအငေါ်မတည့်အောင်
စကားကိုဆိုသည်။ အညိုရောင်လူသားငယ်ဟာ
ဂျီမင်းစကားကို ပြုံးရယ်နေသော်ငြား
ဂျောင်ဂုမှာတော့ မျက်စောင်းလေး တစ်ပြင်ပြင်။

Yellow AcaciaWhere stories live. Discover now