Seventeen 🌼

24 2 0
                                    

Unicode

အချိန်စက်ဝန်းလေးပုံမှန်လည်ပတ်နေပေသော်ငြား ပြက္ခဒိန်တွေအသက်မဲ့ရပါတယ်။ရင်ထဲကဒေစီတွေကိုယ်ပုံမှန်ရေလောင်းပေမယ့်လည်း တစ်ဝေဝေကြွေနေသေးတာက တမ်းတခြင်းအပူမီးကြောင့်များဖြစ်ကောင်းနိုင်ပါရဲ့။

ဝဲဘက်ရင်အုံမယ်နှလုံးခုန်သံတွေရှိနေဆဲပေမယ့်လည်း အညိုရောင်ငယ်၊ အရင်နဲ့မတူတဲ့ရင်ခုန်ခြင်းက မင်းမရှိတဲ့ငါကမ်ဘာမယ်တိတ်ဆိတ်ငြိမ်သက်စွာပဲ ဆိတ်သုဉ်းရပါတယ်။

တမ်းတခြင်းကိုရွတ်ဆိုရရင်ချယ်ရီတွေကစလေမလား ထယ်ယောင်း၊ ဒါမှမဟုတ်ရင်အညိုရောင်လေးတွေကိုမြင်တိုင်းလည်း ငါ့စိတ်ကူးတွေထဲမင်းရောက်လာပါတယ်။နေ့ရက်တွေတိုင်းကပုံမှန်ပဲပေါ့အညိုရောင်ငယ်။ မင်းအပြုံးတွေရှိမနေခဲ့တာကလွဲရင် ဒီခြောက်နှစ်တာကပုံမှန်ပဲပေါ့။

အသက်လေးမျှဉ်းရိုှက်ယူရင်း အိပ်ပျော်ကောင်းဆဲ ကောင်ဆိုးလေးကိုဂျောင်ဂုခပ်တွေတွေလေးကြည့်မိပါသည်။ခပ်ဝဲဝဲကျနေသည့်ဆံပင်ရှည်ကောက်သွယ်သွယ်လေးတို့အား ငြင်သာစွာပင်သပ်တင်ပေးလိုက်တော့ငြီးငြူခြင်းမရှိသည့် ကိုယ်ငယ်လေးကအိပ်လျက်သားအတိုင်း။

"ခဏနေရင် အဒေါ်တို့ရောဂျီမင်းတို့ရောလာလိမ့်မယ်တဲ့ ထယ်ယောင်း။ မင်းရော ထမတွေ့ချင်သေးဘူးလားဟင် "

ပြန်ဖြေသူမရှိသည့်စကားလုံးလေးတို့က အသက်မဲ့စွာပင်။ဆိတ်ငြိမ်ခြင်းကိုအဲ့လောက်များ သေဘာက်ရတာလား ငါ့ရဲ့အညိုရောင်ငယ်။

တက်တူးငယ်တွေထွင်းထုထားသည့်ဂျောင်ဂုလက်တွေဟာ ငြိမ်သက်ဆဲထယ်ယောင်းလက်လေးတွေအား အုပ်မိုးသည်။ပူးတွဲတည်ရှိသွားသောလက်နှစ်စုံကြောင့် ကြည်နူးရိပ်လေးဟာ အနည်းငယ်မျှတော့ဖြတ်ပြေးပါ၏။

"ငါကစောင့်နိုင်လို့ မပင်ပန်းဘူးထယ်ယောင်း၊
ဒါပေမယ့် မင်းအိပ်နေတာသိပ်ကြာပြီလေ... ငါကဘယ်တော့မှလက်မလျှော့မှာဆိုပေမယ့်လည်းမင်းလက်လျှော့သွားမှာကိုတော့ သိပ်စိတ်ပူတယ်။ ငါကတိပေးတယ်ထယ်ယောင်း။ မင်းကိုဘယ်လောက်မြတ်နိုးကြောင်းတွေ ပြောပြချင်သေးတာမလို့ အိပ်တာကိုရပ်တော့လူဆိုးလေးရဲ့"

Yellow AcaciaDonde viven las historias. Descúbrelo ahora