Unicode🌼
"အင်း စိတ်ပူစရာအခြေအနေကနေလည်း လွန်မြောက်ခဲ့ပြီ။ထွေထွေထူးထူးမှာစရာလည်း သိပ်မရှိတော့ဘူးဆိုတော့ အိမ်မှာပြန်နားလည်းရပါပြီ"
ဆရာဝန်ကြီး၏ပြောစကားအဆုံး၌ထယ်ယောင်းလက်ကိုဆုပ်ကိုင်ထားသည့် အမျိုးသားငယ်၏လက်လေးတွေဟာပို၍တင်းကြပ်လာသည်။စိတ်လိုလက်ရ အမျိုးသားငယ်ပြုံးပြန်တော့ဖြူစင်ခြင်းတစ်ဖက်ခြမ်းလေးဟာ လွစ္ခနဲ။
"အဲ့လောက်တောင်ပျော်နေတာလားဂျောင်ဂု"
ထယ်ယောင်းမေးမိတော့ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြသူကမရပ်မနား။ထယ်ယောင်းလည်း သည်ဆေးရုံရပ်ဝန်းကနေရုန်းထွက်ချင်လှပါပြီ။ကုန်ကုန်ပြောရလျှင်ဆေးန့ံတွေကိုလည်း သိပ်မုန်းနေပြီဖြစ်သောကြောင့်ငယ်စဉ်ကဘာကြောင့်ဆရာဝန်ဖြစ်ချင်ခဲ့သည်ကိုပြန်စဉ်းစားနေမိသည်အထိ။
စဉ်းစားခန်းဖွင့်နေသည့်ထယ်ယောင်းလက်ကိုခပ်ဖွဖွဆုပ်ကိုင်ပေးလာတဲ့ဂျောင်ဂုလက်တွေဟာ နူးည့ံညံ့ရယ်။ယိုစိတ်ကျဆင်းသည့်အကြင်နာတွေမယ် သူ့အကြည့်ဟာတလက်လက်တောက်ပသော ကြယ်စင်အစုအဝေးတို့နှင့်သဏ္ဌာန်တူ၏။ပါးလွှာသည့်နှုတ်ခမ်းလွှာအစုံအား ထိုအမျိုးသားငယ်ကွေးညွတ်လိုက်သည့်နောက် ထယ်ယောင်းနှုတ်ခမ်းတွေကပါ တဆက်တည်းကော့တက်သွားရချေသည်။
"ဒါဆိုဆေးရုံစရိတ်ဆင်းဖို့ ငါပြင်ဆင်စရာရှိတာတွေပြင်ဆင်လိုက်ဦးမယ် ထယ် "
"မင်းသဘောပါ "
ကြွေလိုသူချယ်ရီပွင့်ဖက်မှာ လေညင်းကတေးသီသူဖြစ်တယ်။ပင်ယံဖျားထက်မနားခိုလိုတော့သည့် ချယ်ရီပန်းငယ်၏ဆန္ဒကိုသိတဲ့တစ်ဦးတည်းသောလေညင်းကို...အဘယ်သူသိနိုင်မည်နည်း၊လေပြည်ကို ချယ်ရီဟာအစတည်းကသိပ်ချစ်ခဲ့ပါတယ်။
ချစ်ခြင်းမေတ္တာတွေသာဆေးဖြစ်ခဲ့ရင်ပေါ့
ငါမြတ်နိုးသမျှမင်းဒဏ်ရာတွေပျောက်ကင်းပါစေကွယ်။ဂျောင်ဂုမယ်တနေ့ခင်းလုံးထယ်ယောင်းဆေးရုံဆင်းမည့်ကိစ္စနှင့်ဟိုပြေးသည်ပြေးပင်။ထယ်ယောင်းလည်းဆေးရုံန့ံတွေသိပ်မုန်းနေလှပါပြီ။ သို့သော်တလောလောဖြစ်နေသည့်အမျိုးသားပုံရိပ်ကြောင့်ပင်ပန်းမည်ကိုစိုးရိမ်သဖြင့် နောက်နေ့မှဆင်းလည်းရကြောင်းပြောမိတော့ "ဒီနေ့ဆင်းလို့ရနေရင်ဆင်းရမှာပေါ့" ဟုပြောပြီး ပျာပျာသလဲပြန်ထွက်သွားပြန်လေရဲ့။
YOU ARE READING
Yellow Acacia
FanfictionYellow Acacia = Secret love 💛 မပြောဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိမ်အနက် Story by Eikiko_Kim