Seven🌼

45 7 12
                                    

•Unicode•

လေအေးဝေ့သည့် မနက်ခင်းလေး၌
နှစ်ဦးကြားတွင် ကြီးစိုးနေရာယူလေသော
ရင်ခုန်ခြင်း သံစဉ်သဲ့သဲ့။
ဒီဇင်ဘာမနက်ခင်းဟာ ခပ်ပြင်းပြင်းအအေးဓာတ်ကဲသော်ငြား မမှုဘဲနေနိုင်သူတို့ဟာလည်း
ရှိ၏။ အပြင်ဘက်၏ အေအးဓာတ္ကို
ဂရုစိုက်နေဖို့မဆိုထားနှင့်။ ဧည့်ခန်းအကျယ်ကြီး
အတွင်းတွင်ပင် နှစ်ဦးတည်းရှိနေသည့်တိုင်
အနေရကျပ်လွန်းပါသည်။

မည်သူစကားစမနည်း အကဲခတ်ရင်းဖြင့်သာ
နှစ်ဦးသား၏ကြားတွင် တိတ်ဆိတ်မှူတို့
နေရာယူ၏။

ကင်မ်ထယ်ယောင်း၏လက်လေးအတွင်း
ကိုင်ထားသော ဆူးမဲ့နှင်းဆီလေးကို
တစ်ခါမြင်တိုင်း သူတစ်ခါ ပီတိဖြစ်ရသည်။

"မင်းတို့နှစ်ယောက်က မတ်တပ်ရပ်ကြီးတွေနဲ့
ဘာလုပ်နေတာလည်း တင်ပါးမပါကြဘူးလား"

ထူထဲထဲ ဂွမ်းသားအနက်ရောင်အကျႌကြီးအောက်တွင် နစ်မြုပ်လုဆဲဆဲ အနေအထားဖြင့်
ဂျီမင်းဟာ အေမာတေကာ ဝင်လာရင်း
မောသံစွတ်နေသည့်အသံဖြင့် ထယ်ယောင်း
တို့အားမေးသည်။ ဂျီမင်းရောက်လာမှသာ
ဂျောင်ဂုနှင့် ထယ်ယောင်းတို့မှာ အသက်ကောင်းကောင်း ရှုနိုင်တော့သည့်နှယ် သက်ပြင်း
ဖြဖြ ပြိုင်တူချမိသည်။

"အေး အိမ်ကထွက်လာတုန်းက ငါတင်ပါးယူလာဖို့ မေ့သွားတယ်။"

တစ်ခွန်းမှငြိမ်ခံမနေတတ်ပါတဲ့ ဂျောင်ဂုဟာ
ဂျီမင်းလည်း ရောက်လာချိန် တွင်မှ
နေရခက်သလို အနေအထားမျိုးမရှိတော့ဘဲ
ပြန်ပြောနိုင်လာသည်။

ဂျောင်ဂု၏ ပြန်လည်အဖြေကို
ဂျီမင်းဟာ မဲ့ရွဲ့ပြသော်လည်း ထယ်ယောင်းကမူတော့ ခပ်ပြေပြေလေးပြုံးသည်။
ကင်မ်ထယ်ယောင်းလက်ထဲတွင် ရှိနေသော
နှင်းဆီလေးသည် တစ်ကယ်ကိုပင် ပိုင်ရှင်အမှန်
နှင့် တွေ့သွားပါသည့်နှယ် ထယ်ယောင်းလက်ထဲတွင် တရမ်းရမ်း။

"ရား မင်းတို့တွေ ဒီအတိုင်းပဲ ရပ်နေမှာလား
မင်းတို့က ထိုင်ဖို့တင်ပါးပါမလာပေမယ့်
ငါ့မွာက ပါလာတယ်။
ကင်မ်ထယ် မုန့်သွားယူ "

"ဟမ် အင်း အိုခေ"

စာစုလုပ်မယ်လည်းပြောသေး
မုန့်သွားယူဟုပြောနေသော ဂျီမင်းအား
ဂျောင်ဂု နားမလည်နိုင်မိစွာ ကြည့်မိသည်။
သေချာပြန်လည် ကြည့်မိတော့မှ
ဂျီမင်းလက်ထဲတွင် လွယ်အိတ်လည်းမပါလာ။
ဒီအတိုင်း လက္ဗလာမွ လက်ဗလာဖြင့်။

Yellow AcaciaDonde viven las historias. Descúbrelo ahora