Unicode
လေပြည်ငယ်ဆောင်ကြဉ်းရင်
လာဗင်ဒါတွေနဲ့ ခပ်ဆင်ဆင်
သူ့ကိုယ်သင်းန့ံကို ကျွန်တော်ရတယ်။
ပါးလှပ်လှပ်ကျီစယ်တဲ့ မြေသင်းရန့ံက
မိုးဦးငယ်မှာမှ ဖြစ်တည်တတ်ပေမယ့်
အညိုရောင်မျက်ဝန်းတွေနဲ့ ဆုံခဲ့ရတည်းကစ
နေ့ရက်တိုင်းဟာ သင်းပျ့ံတဲ့ ပန်းရန့ံတွေနဲ့
ပြည့်နေခဲ့သည်လေ။ကျောင်းဖွင့်ရက်လေးဟာ တစ်ပတ်ပြန်လည်
လာပါချေလည်း နှစ်ရက်တာလုံးတွင်
ရှိခဲ့ရသည့် အမှတ်တရပိစိလေးတို့ဟာ
ဂျောင်ဂုရင်ကိုတော့ ကြည်နူးမဆုံး
ဖြစ်စေပါသည်။စာသင်ချိန်လေးပြီးသွား၍
ဂျောင်ဂု အိပ်နေရာမှထလာမိတော့
အချိန်တိုင်းတွေ့နေကျ နောက်ကျောပြင်ဟာ
သူ့မြင်ကွင်းထက်တွင် သည်တစ်နေ့တော့
မရှိ။ ဘေးဘယ်ညာဝဲကာကြည့်တော့
ဂျီမင်းကိုတွေ့သည်။ခပ်သွက်သွက်ခြေလှမ်းလေးတို့ဖြင့်
ဂျောင်ဂုဂျီမင်းအနားတိုးကပ်သွားလိုက်တော့
ပက်ဂျီမင်းဟာ မော်ကြည့်သည်။"ဂျီမင်း ထယ်ယောင်းရော "
ဘေးနေရာတွေသို့ လှည့်၍ထပ်မံကြည့်လိုက်ပြီး
သူမေးမိတော့ စာအုပ်တွေသိမ်းနေသည့်
ဂျီမင်းက ခပ်တွေတွေလေး စဉ်းစားဟန်ပြုသည်။"အာ စာမေးပွဲရှိလို့လေ
ငါတို့တွေ ကျောင်းနားက ကော်ဖီဆိုင်မှာ
စာလုပ်ကြမလို့။ ဒါပေမယ့် ထယ်ယောင်းကအခု
ဂီတခန်းဘက်ကို သွားတယ်ထင်တယ် ""ဂီတခန်း "
ကျောင်းသစ်သို့ပြောင်းလာတာ သိပ်မကြာသေးသည့် ဂျောင်ဂုအတွက် တစ်ချိူ့သော နေရာလေးတွေဟာ စိမ်းနေသေးသည်။
ယခုလည်း သူမရောက်ဖူးသေးသော နေရာမလို့
အထူးတဆန်းဖြစ်စွာမေးလိုက်မိခြင်းပင်။"အင်း ဆရာမတွေနားနေတဲ့အခန်းကိုသိတယ်မလား ။ အဲ့ဒီကကျော်ရင် သိပ်မဝေးတဲ့အနားလေးမှာရှိတာ ဂီတခန်းပဲ။ တူရိယာတွေထားတာလေ။
မင်း ထယ်ယောင်းကိုသွားခေါ်ပြီး ကော်ဖီဆိုင်ကို လာခဲ့ပါလား ငါစာကြည့်တိုက်ဝင်လိုက်ဦးမယ်"
YOU ARE READING
Yellow Acacia
FanfictionYellow Acacia = Secret love 💛 မပြောဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိမ်အနက် Story by Eikiko_Kim