Fourteen🌼

35 3 0
                                    

Unicode

နွေရက်တို့ဟာ တစ်ရွေ့ရွေ့ခရီးနှင်ကြပါပေ၏။ ပြက္ခဒိန်ဟောင်းလေးထံမှ တစ်ရွေ့ရွေ့ဆုတ်ခွာလာသော အမှားခြစ်လေးတို့သည်တစ်စတစ်စ များပြားလျက်ပါပင်။ တစ်ညကုန်လို့တစ်ရက်ပြောင်းသည်ဟာ မထူးဆန်းသော်ပေလည်း အသူရာနေမင်းနှင့်မဟူရာလမင်းတို့၏ ချစ်ခရီးဟာကြမ်းတမ်းပုံပေါ်၏။

နွေအကုန် မိုးအကူးလို့ဆိုလိုက်တာနှင့် စာမေးပွဲတွေနှင့်အတူ တစ်ဆက်တည်းအထက်တန်းကျောင်းသားတွေရဲ့လေ့လာရေးခရီးဟာ မပါမဖြစ်။ သည်လိုပါပဲ ဒယ်ဂူမြို့လေးအတွင်း တိတ်ဆိတ်ငြိမ်သက်သည့်ကျောင်းတော်၏ ရှားပါးလှသောအချိန်လေးဟာ သည်နေ့တွင်ဖြစ်သည်။ ကျောင်းသားတိုင်းလိုလို ဘောပင်ကိုယ်စီကိုင်ဆောင်လျက် စာရွက်ဖြူဖြူထက်တွင် စိတ်ပါဝင်တစား စာရေးနေကြသည့်ပုံရိပ်ဟာ အထူးအဆန်းဟုပင်ပြော၍ရသည်။

သာမာန်အတိုင်းဆူညံနေတတ်သော ကျောင်းဝန်းအတွင်း ထိုနေ့တွင်တော့ဆူညံသံဟူသည် နတၳိ။ စာကိုသာကုန်းရေးနေကြသော ကျောင်းသားများရှိနေသကဲ့သို့ ပြတင်းတံခါးအပြင်ဘက်သို့သာ တွေတွေငေးနေကြသော ကျောင်းသားတွေဟာလည်း တစ်ပုံတစ်ပင်။

"ကဲ အချိန်စေ့ပြီ၊ ရေးနေလက်စတွေအကုန်ရပ် "

ခေါင်းလောင်းသံလွင်လွင်ဟာ ဆူညံစွာထွက်ပေါ်ခဲ့ပြီးနောက် အခန်းစောင့်ဆရာ၏တစ်ချက်လွှတ်ပြောစကားနောက် သက်ပြင်းချသံတွေဟာ တညံညံ။ ဟုတ်ပါသည် အထက်တန်းကျောင်းသားဘဝ၏နောက်ဆုံးစာမေးပွဲဟာ ဒီတစ်ခါနောက်ဆုံးဖြစ်သွားမည်မဟုတ်ပါလား။

"ဘယ်လိုလည်း ဖြေနိုင်လား "

ပစ္စည်းတွေသိမ်းနေသည့် ထယ်ယောင်းမျက်နှာနားတိုး၍ ရှေ့ခုံတွင်ထိုင်နေသော အမျိုးသားငယ်ဟာမေးလာတော့ ထယ်ယောင်းမဆိုင်းမတွပင် ခေါင်းလေးငြိမ့်ပြလိုက်သည်။ ထိုအခါ အပြုံးလေးနှင့် ပြန်လည်တုန့်ပြန်သည့် ထိုအမျိုးသားငယ်၏ပုံရိပ်လေးဟာ မြတ်နိုးဖွယ်အတိ။

"မင်းလည်းဖြေနိုင်ပုံပဲ၊ ကုန်းရေးနေတာတွေ့တယ်"

"အမှန်တော့ ခေါင်းထဲပေါ်လာတာလျှောက်ရေးနေတာပါ။ အခုမေးရင် ငါဘာတွေဖြေလိုက်မိမှန်းတောင် မသိတော့ဘူး "

Yellow AcaciaDonde viven las historias. Descúbrelo ahora