Unicode
ခပ်ဖြေးဖြေးအရှိန်တစ်ခုနှင့်မောင်းနှင်နေသည့် ဘတ်စ်စကားလေးပေါ်တွင်နေရာရသည်နှင့်တစ်ပြိုင်နက် ဂျောင်ဂုဝင်ထိုင်လိုက်ရင်း စာအုပ်ညိုလေးအား ဖွင့်ဖတ်လိုက်မိပါ၏။ထယ်ယောင်းမိဘတွေအိမ်မှ သူ့အိမ်သို့ဂျောင်ဂုဘတ်စ်ကားစီး၍ အချိန်ကုန်စေလိုက်မိပါသည်။
စာရွက်ဝါလေးထက်ထွင်းထုထားသည့် လက်ရေးညီညီဟာ ဤစာအုပ်လေးသည် ထယ်ယောင်းစာအုပ်ဖြစ်ကြောင်းသက်ပြေပြနေခဲ့သည်။
ဒိုင်ယာရီစာအုပ်ငယ်၏ရှေ့ဆုံးစာမျက်နှာလေးတွင် ရေးထိုးထားသောအကြောင်းအရာလေးမူကား "ပန်းတွေကိုချစ်တဲ့ အမျိုးသားငယ်"တဲ့။ တွေးဆဆတော့ ဂျောင်ဂုမဖြစ်မိပါ။အဘယ်သူကိုဆိုလိုမှန်း သူရိပ်စားမိနေလို့ပါပင်။ဒါဆို သည်စာအုပ်လေးဟာဖြင့် ငါ့အတွက်ပေါ့ အညိုရောင်ငယ်။
ထို့နောက် တစ်ရွက်ပြီးတစ်ရွက်သော စာရွက်လေးတို့ထက် ဆေးမှင်ရောင်အနည်းငယ်ပျ့ံနေသောစကားလုံးလေးတွေထွင်းထုသည့် စာအုပ်ပါအကြောင်းအရာလေးတို့ကို မလွတ်တမ်းဖတ်မိပါချေ၏။ မင်းလက်ရေးမလို့ထင်ပါရဲ့..ငါ့မျက်ဝန်းထဲတော့မြတ်နိုးဖွယ်ပါပဲ။
"၂၈.၁၂.၂၀၁၃
သည်နေ့ ငါ့နှလုံးသားကိုလှုတ်နိုးစေခဲ့တဲ့ အမျိုးသားလေးတစ်ယောက်ကို ငါတွေ့ခဲ့တယ်။ ပန်းပွဲတော်ထဲက အဲ့ဒီ်အမျိုးသားလေးကငါ့မျက်လုံးထဲအထင်းဆုံးဖြစ်နေတဲ့အထိ ငါသူ့ကိုစိတ်ဝင်စားသွားမိတာပါပဲ။
မဟူရာရောင်ဆံသားတွေရှိတဲ့ အဲ့ဒီအမျိုးသားလေးက သားမွေးဆွယ်တာပွပွကိုဝတ်ဆင်ထားပြီးဆံသားအချို့ကို အနည်းငယ်လှန်တင်ထားလေရဲ့။ သူကငါ့ကိုတစ်ချက်လေးတောင် မသိမထားမိပေမယ့် ငါ့အာရုံစိုက်မှုတွေကိုတော့သူကရရှိထားတယ်။
ကင်မရာလေးကိုကိုင်ထားတဲ့အဲ့ဒီအမျိုးသားလေးကို ငါတောက်လျောက်စိုက်ကြည့်နေခဲ့ပေမယ့် အဲ့အမျိုးသားလေးကတော့ ပန်းတွေကိုပဲအာရုံရနေပုံပါ။ မဖြစ်နိုင်လိုက်တာ...နှလုံးသားတစ်ခုက သူစိမ်းတစ်ယောက်အပေါ်မှာရော ခုန်လှုတ်လို့ရလို့လား။"
YOU ARE READING
Yellow Acacia
FanfictionYellow Acacia = Secret love 💛 မပြောဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိမ်အနက် Story by Eikiko_Kim