Unicode
နေမင်းတစ်စင်း၏ အလင်းသည် မြေကမ်ဘာပေါ်သို့
ဖြည်းညင်းစွာ ကျဆင်း အလင်းဖြာ၏။မှိန်ပြသော ရောင်နီမှသည်
ထိန်လင်းသော အနေအထားသို့ တစ်ဖြည်းဖြည်း
ကူးပြောင်းကာ အနွေးဓာတ်လွှင့်၏။
ဒီဇင်ဘာ၏ မနက်ခင်းသည် တမူထူးစြာ
နွေးထွေးနေလျက် ရှိနေသည်။ရောင်ဝါနေခြည်နုနုသည် ပြတင်းတံခါးတစ်ခုအား ကျော်ခဲ့ပြီးနောက် တလွင့်လွင့် ခန်းဆီးတို့အား ဖြတ်ရသည်။
ရောင်နီပိျုးသော နွေးကာစ လေပြည်နွေးတစ်ချို့ ကျဆင်းကာ အလင်းဖြာရန် ကြံတော့
ပျော့ပျောင်းပျောင်း မွေ့ယာထက်ပါး အိပ်စက်နေသူသည် အသံသေးသေးလေးတွေ ထွက်ပေါ်လာသည်အထိ ညီးညူ၏။အဖြူရောင်စွတ်သည့် ခန္ဓာငယ်လေးသည်
နေမင်းဖြာကျသော အနွေးဓာတ်ကို နှစ်ခြိုက်မိစွာ
ပါးချိုင့် ရေးရေးလေး ထွက်ပေါ်လာစေသည်အထိ ပြုံးသည်။
ကိုယ်တစ်ခြမ်းအထိ ဆွဲတင် ခြုံယူထားသော
စောင်လေးအား ဖယ်ရှား၍ တစ်ခုတည်းသော
မနက်ခင်းကို တစ်ဖန်စတင်ရန် ပြင်ဆင်၏။သာမာန်နေ့တွေထက် အနွေးဓာတ်ကဲတဲ့
ထိုနေ့လေးအား တက်ကြွစွာပင် သူစတင်လိုသည်။ အဖြူရောင် ညအိပ်ဝတ်စုံလေးအား
ချွတ်ယူလိုက် ခိျန်... ဖြူစွတ်သော အသားအရောင်သည် အခန်းအတွင်း ပေါ်ထွက်လာသည်။
မည်းနက်၍ ဖွာကျနေသော ဆံသားတို့အား
လက်သွယ်သွယ်တို့ကိုသုံး၍ ပြင်ဆင်လိုက်သည်။အိပ်ခန်းနှင့် တွဲလျက်ပါရှိပြီးသား
ရေချိုးခန်းလေးအတွင်း သူဟာ သဘတ် တစ်ထည်အား ကိုယ်တွင် ခြုံလျက် ရေချိုးခြင်းအမှု စတင်ရန်ပြုသည်။အေးစက်သော ရေပေါက်လေးတို့သည်
သူ့ ခန္ဓာကိုယ်အန့ှံ အပျ့ံအကျဲ ဖျာကျလာတော့
အေးစက်မှုကို မခံနိုင်စှာ လက်သွယ်တို့ဟာ ရေနွေးဖြင့် ပြောင်း၍ချိုးမိသည်။နွေးလျသော ရေစက် ရေပေါက် ကလေးတို့သည်
ကိုယ်ငယ်လေး၏ အပေါ် သူ့ထက်ငါပြိုင်
လုကာ ဆင်းကြချိန် ညိုးနေသော စိတ်တို့ လန်းဆန်းသွားသည်အထိ သူဟာ ရေချိုးခန်းထဲ အခိျန်ကုန်မိပါချေပြီ။
YOU ARE READING
Yellow Acacia
FanfictionYellow Acacia = Secret love 💛 မပြောဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိမ်အနက် Story by Eikiko_Kim