One 🌼

484 41 19
                                    

Unicode🌻

ရင်ခုန်ခြင်းဖြင့်နိဒါန်းသွယ်သော အခ်စ္တစ္ခု။

နှလုံးသားဆုံမှတ်၏ ပထမဆုံးရင်ခုန်ခြင်းတွင်
ကြယ်တွေ ကြွေတာကမှ အချစ်မဟုတ်ခဲ့ပါဘဲ
ပန်းတွေ ညှိုးတာကလည်း အချစ်ဖြစ်ခဲ့တယ်။

နူးည့ံမှုတို့ ရောကာယှက်နွယ်လျက်
ရင်ခုန်ခြင်းတို့ သက်သေခံတဲ့အခါ ငယ်ရွယ်စဉ်ရဲ့ ချစ်ခြင်းဟာ အစစ်အမှန်မဟုတ်ဟု အဘယ္သူမွ ငြင်းဆန်နိုင်၍မရ။

နှလုံးသားဖြင့် ရေးစပ်ဖွဲ့သီသော ဤအချင်းအရာလေးသည် ပုံပြင်တစ်ပုဒ် မဟုတ်ခဲ့ပါချေ။
ကဗျာတစ်ပုဒ်လည်း မဖြစ်ခဲ့ပါချေ။
နူးည့ံညက်ညောသော ရင်ခုန်ခြင်းတို့၏
မူလအစ အချစ်ဦးလေးအပေါ်ထားရှိသော
ချစ်ခြင်းတရားတို့သာ ဖြစ်အပ်ခဲ့ပါသည်။

သစ်ရွက်တစ်ရွက်ကြွေရင်တောင် ရယ်မောချင်တဲ့ အရွယ်မှာ အချစ်ဦးဆိုတာ လေပြည်လေးတစ်ကွေ့။
တိမ်တိုက်တွေ တရွေ့ရွေ့ခရီးနှင်ကြတာကို
တေမ့တေမာ ငေးမောနေတတ်တဲ့ အရွယ်မှာ
အချစ်ဦးဆိုတာ အလှဆုံး အတိတ် တစ္ခု။
ဖြူစင်နေဆဲ နှလုံးသားလေးထံ အရောင်မျိုးစုံ ရောယှက်လာစေရန် ချည်းနှီးဝင်ရောက်လာသော အချစ်ဦးဆိုသည်မှာ မမေ့နိုင်ဆုံးအမှတ် တရတစ်ခုအဖြစ် မှတ်ဉာဏ်တို့အတွင်း နေရာယူလေ၏။

အခ်ိုးအကွေ့များလွန်းသည့် ဘဝ၏
ရင်ခုန်သံ အပြောင်းအလဲတို့တွင် သူဟာ ပထမဆုံးသော ညှို့ယူတတ်ခဲ့သူဖြစ်သည့်အလျောက် ပထမဆုံးသောရင်ခုန်ခြင်းတို့၏ ပဲ့ကိုင်ရှင်။

ဆောင်းလေတွေ တိုက်ခတ်လွန်းခဲ့တဲ့
ဒီဇင်ဘာရဲ့ ထိုဆောင်းလည် ညတစ်ညတွင်
မှိန်ပျပျအလင်းရောင်တို့သည် သာ ဟိုသည်
ယှက် ကာပြေးသည်။
မှောင်မိုက်သည့် ကောင်းကင်ယံထက်တွင် လမင်းတစ် စင်းသည်သာ တိမ်တိုက်ငယ်တို့အလည် မှိန်ပြပြ မီးအရောင်လွှင့်၏။

မှိတ် တုပ်တုပ်သော ကြယ်ပွင့်ကလေးတို့သည်
တစ်ခုတည်းသော ကောင်းကင်နက်ထံပါးတွင်
ပျော်ရွှင်နေဟန် မှိတ်ချည် ပေါ်ချည်ရှိကြ၏။
ပန်းနုရောင် ချယ်ရီပင်တို့သည်
လေပြင်းငယ်တစ်ခါဝေ့လျှင် အထိမခံသည့်ရုပ်ငယ်လေးတွေပမာ တစ်ခါဝဲဝံ ကြွေလွင့်ကြသည်။

Yellow AcaciaDonde viven las historias. Descúbrelo ahora