Unicode
ဆေးရုံတစ်ခု၏ အရေးပေါ်လူနာခန်းရှေ့တွင် သွေးစအချို့ပေကျံလျက် လူငယ်တစ်ယောက်ဟာ ဆုတောင်းအချို့ကိုမရပ်မနားရွတ်ဆိုလို့။ ဘယ်လိုဆုတောင်းကိုမှမတောင်းဆိုခဲ့ဘူးသူဟာ ဘုရားသခင်ထံ လက်ယှက်နွယ်ရင်းဆုတောင်းနေသည်မှာ အနည်းငယ်တော့ထူးဆန်းဖွယ်။
ယောကျၤားတစ်ယောက်၏အဆင်းနှင့် နုပျိုမှုတို့ထင်ဟပ်သည့်ထိုအမျိုးသားဟာ သွေးပျက်နေပုံရ၏။ ကြောင်စီစီမျက်ဝန်းအစုံဟာ တစ်နေရာတည်းကိုသာဆက်တိုက်ငေးရင်း နှုတ်မှလည်း မရပ်မနားရွတ်ဆိုနေသည်မှာ မသည်းကွဲလှ။
ဂျောင်ဂုစိတ်တွေ တုန်လှုပ်နေရပါသည်။ ဘဝမွာမ်ား ဒီလူကိုဆုံးရံှုးလိုက်ရပါလျှင် သူရူးရချေ၏။ ခွဲစိတ်ခန်းအတွင်းဝင်သွားသည့် ကောင်ငယ်လေးက နှစ်နာရီကြာနေသည့်တိုင် ပြန်ထွက်မလာသေး။ ဒီလူကို ဘယ်လောက်ထိများရူးအောင်လုပ်မယ်လို့ မင်းစဉ်းစားထားလဲ အညိုရောင်ငယ်။
သိပ်မကြာခင် ဂျောင်ဂုရှေ့သို့အပြေးရောက်လာသည့် ဂျီမင်း။ ဂျီမင်းမျက်နှာတွင်လည်း သူ့သူငယ်ချင်းအတွက်စိုးရိမ်နေဟန်တို့က အထင်းသား။
"ဂျောင်ဂု ထယ်ယောင်းဘာဖြစ်တာလည်း "
ဂျောင်ဂုကဘာမှမဖြေ။ သူ့ပုံစံဟာ စိတ်ထဲဗလာဖြစ်နေသည့်လူတစ်ယောက်၏ ပုံစံပင်။
"ဂျွန်ဂျောင်ဂု ငါမေးနေတယ်
ထယ်ယောင်း ငါ့သူငယ်ချင်းထယ်ယောင်း ဘာဖြစ်တာလည်းလို့ "ဂျောင်ဂုက ဒီအတိုင်းကြောင်စီစီပင် ကြမ်းပြင်ကိုစိုက်ကြည့်သည်။ သည်အချိန်တွင် အဘယ်စကားလုံးကိုမှ သူ့နှုတ်ဖျားထက်မတင်ချင်။ ကမ်ဘာပျက်သည်ထက်ဆိုးသောခံစားချက်ဟာ ဂျောင်ဂုရင်ထဲ အစိုင်အခဲတစ်ခုပမာ။
ဂျီမင်းလည်းတကယ်ကိုစိုးရိမ်လာရပြီ။ နှစ်ယောက်သားများအေးဆေးစကားပြောပါစေဆိုသည့် စေတနာနှင့်သူသာအရင်ပြန်နှင့်ပေးခဲ့လိုက်မိသည်။ အိမ်တောင်မရောက်သေး၊ ထယ်ယောင်းအမေဆီမှဝင်လာသည့်ဖုန်းက ထယ်ယောင်းကားတိုက်မှုဖြစ်လို့တဲ့။
"အဒေါ် ထယ်ယောင်းအဆင်ပြေမှာပါနော်"
အေဒၚကခေါင်းညိမ့်ပြသည်။ ဂျီမင်းစိတ်ပူနေတုန်းပါလေ။ ခွဲခန်းထဲမှထွက်မလာသေးသောထယ်ယောင်းကိုရော စကားတစ်လုံးမှပြောလို့မရတော့သည့်ဂျောင်ဂုကိုရော။
YOU ARE READING
Yellow Acacia
FanfictionYellow Acacia = Secret love 💛 မပြောဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိမ်အနက် Story by Eikiko_Kim