Six🌼

58 9 1
                                    

•Unicode•

တိမ်တွေဖုံးတဲ့ မနက်ခင်းမိုးသောက်တွင်
နေရောင်နုနုလေးပင် ဖြာမဆင်းနိုင်စွာ
နှင်းငွေ့လေးတို့ နေရာယူသည်။
တစ်ငွေ့ငွေ့ လှိုက်တက်လို့
အအေးဓာတ်ကဲတဲ့အခါ ဂျောင်ဂု၏
ကိုယ်ငယ်လေးသည် စောင်ပုံလေးအတွင်း
တစ်ဖန် တိုးဝင်သည်။

မကြီးမသေးလွန်းသော ခန္ဓာကိုယ်လေးသည်
စောင်ထူထူကြီးအောက်တွင်တော့ နစ်မြုပ်လုဆဲဆဲပင်။ ကျောင်းပိတ်ရက်၏ မနက်ခင်းတွင်
အပျင်းကြီးနေမိသော ကောင်လေးသည်
စောင်ပုံလေးအတွင်း ပုဇွန်တုပ်လုံးလုံးလေးနှယ်
ခပ်ကွေးကွေးလေး။

အကွေးကောင်းနေသော
ဂျောင်ဂု၏ မှေးစက်နေမှုအား ဖျက်ဆီးလိုက်သော ဖုန်းမြည်သံ။
အလိုမက်စြာ သူသည် မျက်မှောင်လေးအား
တွန့်ချိုးလိုက်ရင်း အကြောဆန့်တန်းလိုက်ခြင်း
နှင့်အတူ မြည်နေသော ဖုန်းလေးအား
ကောက်ယူလိုက်သည်။

အမည်မသိသော ဖုန်းနံပါတ်လေးအား
သူ စုပ်တစ်ချက်ကျစ်သပ်ရင်း ကိုင်လိုက်မိသည်။
အကယ်၍ ဖုန်းမှားဆက်မိတာပါ ဆိုလို့ကတော့
သူ့မနက်ခင်းလေးကို ဖ်က္ဆီးသူအား တစ်ဝကြီး
မေတ္တာပို့ပြစ်မည်ဟု စိတ်အတွင်းမှလည်း ကျုံးဝါးလိုက်မိသည်။

"ဟဲလို..."

အိပ်မှုန်စုန်ဖွားအသံဖြင့် သူပြန်ထူးမိတော့
တစ္ဖက္လူဟာ ဘာမျှမပြော။
ခဏအကြာမျှ ဘာမျှမပြောဘဲနေပြီးမှ

"ဂျောင်ဂု...အခုမှနိုးတာလား "

အနည်းငယ် ရင်းနှီးနေခဲ့သယောင်ရှိသော
အသံဆာဆာသည် တစ်ဖက်ခြမ်းမှ
ဖုန်းခေါ်သူထံမှ ထွက်ပေါ်လာသည်။
သူ့နာမယ်ကို ရေရွတ်ရင်း ဆိုလာသူဆိုတော့
သူ့အသိထဲကသာ ဖြစ်ရမည်။
သို့သော်လည်း သူဟာ မည်သူမည်ဝါဖြစ်သည်ကို ခွဲဝေ၍မရ။

"ဘယ်သူလည်းမသိဘူး "

မေဝကြဲစြာ သူပြန်မေးခွန်းထုတ်မိတော့
တစ္ဖက္လူဟာ အလိုမကျသံဖြင့်
သူ့အား ပြန်ဖြေသည်။

"ငါ ငါ ပက်ဂျီမင်း
အိပ်ချင်မူးတူးနဲ့ အသံလေးဘာလေးတောင်
မခွဲတတ်တော့ဘူးလား "

မှေးကောင်းနေတဲ့ သူများ၏မနက်ခင်းကို
လာ ဖျက်ဆီးပြီး ရန်လိုနေသော
လူပုစိတ်တိုလေးကို သူစိတ်မရှည်ချင်တော့ပါ။

Yellow AcaciaOù les histoires vivent. Découvrez maintenant