Ten🌼

31 6 15
                                    

Unicode


"ဂျောင်ဂု ဖြေနိုင်လား... "

ကျောင်းအခန်းရှေ့တွင် နံရံပေါ်ကို မှီလို့
ခြေတစ်ချောင်းကို ပတ်ခွေရမ်းရင်း
ဘေးတံစောင်းအနေအထားနှင့် လွယ်အိတ်လေးအား လွယ်ထားသူအမျိူးသားလေးကို ထယ်ယောင်းမေးမိသည်။ လှည့်ကြည့်လာသော မျက်ဝန်းနက်တို့ကို အမှန်အတိုင်း သူနှစ်ခြိုက်မိပါသည်ဆိုတာ ထိုအမျိူးသားငယ် မသိနိုင်ပါစ။

နူးည့ံသည်မဟုတ် အေးစက်သည်မဟုတ်။
လဲ့တက်နေသော မျက်ဆံနက်တို့သည်
အမျိုးအမည်မသိသော ခံစားချက်တို့အား
ဖြစ်စေသည်မှာ အကြိမ်ပေါင်းမနည်းခဲ့။

"အင်း ဖြေနိုင်တယ်
အောင်မှတ်ကွက်တိ ဖြေခဲ့တယ် "

သူ့ကို လှမ်းကြည့်လို့
ပြောလာတဲ့ အမျိုးသားလေးရဲ့စကားမှာ
ထယ်ယောင်းမျက်နှာလေးဟာ
တစ်ခုခုထံတွင် တအ့ံတျသေလး။

"အောင်မှတ်ကွက်တိပဲဖြေတယ်ပေါ့
တယ်ဟုတ်ပါ့လား "

ထယ်ယောင်းပုံခုံးတစ်ဖက်အား
ဖက်တွယ်လိုက်ရင်း ပြောလာသည့်
ဂျီမင်း။ မှိန်သေသေမျက်နှာထားကို ဂျီမင်းသတိထားမိတော့ ပိုတိုးလို့ပင် တင်းကြပ်နေအောင်
ဖတ်တွယ်လိုက်တော့ ဂျောင်ဂုရုပ်ဟာ ဘနားနားမစ်နင်နေသည့်အတိုင်း။

"အင်း မင်းကတော့ အောင်မှတ်တောင်ရမယ့်ပုံတော့မပေါ်ဘူး။ ငါလှည့်ကြည့်တော့ မင်းဘောပင်ကိုက်နေတာပဲ မြင်တယ် "

တွန့်ချိုးလိုက်တဲ့ မျက်ခုံးအစုံအား
ထပ်၍ မြှင့်တင်လိုက်ရင်း ဂျောင်ဂုဆိုတော့
ဂျီမင်းဟာ အရိုှက်ထိသွားသည့်အတိုင်း
ရှုးရှှုးရှားရှားဖြင့်။
မျက်စောင်းတစ်ခုကိုသာ ပြစ်ကျွေးလာသော
ဂျီမင်းအား ဂျောင်ဂုမှလည်း အေလ်ာ့မေပးစြာ
မျက်စောင်းလေး ပြန်ခဲသည်။
အကြည့်ချင်း တိုက်စစ်ဆင်နေသော
နှစ်ယောက်ကြားတွင် ထယ်ယောင်းတစ်ယောက်ဟာ ခေါင်းလေးတစ်ရမ်းရမ်းဖြင့်။

"ဒါနဲ့ မင်းကော ဖြေနိုင်လား ထယ်ယောင်း "

တိုက်စစ်ဆင်နေတာပြီးတော့မှ
ကျောင်းခန်းအတွင်းမှ
ထယ်ယောင်းထွက်လာတော့ ဂျောင်ဂုဟာ
အမှီလိုက်ရင်း ခပ်တိုးတိုးလေသံကို
အသာလျော့ရင်းမေးသည်။
သူ့အမေးကို ဘေးမှ အညိုရောင်မျက်ဝန်းမျှင်
လေးတို့ဟာ စောင်းငဲ့ကြည့်သည်။

Yellow AcaciaTahanan ng mga kuwento. Tumuklas ngayon