Eighteen🌼

27 1 0
                                    

Unicode

"ချစ်တယ်ကင်မ်ထယ်ယောင်း
မင်းသိတာထက်ပိုပြီး၊မင်းမသိတာတိုင်းထက်ပိုပြီး "

လေပြင်ကိုမြားတစ်စင်းနှယ်ခွင်း၍အလျင်စလိုခြေလှမ်းတို့အားကုတင်ပေါ်ရှိအရိပ်လေးထံဦးတည်မိသူ၏မျက်နှာလေးဟာ အနည်းငယ်တက်ကြွသယောင်စွတ်လာခဲ့ချေပြီ။တစ်လျောက်လုံးအိပ်နေသူက ယခုတော့ဂျောင်ဂုရှေ့တွင်မျက်လုံးလေးကြောင်စီစီလုပ်ကာလှမ်းကြည့်နေခဲ့ပြီ။

လူဆိုးလေးနောက်ဆုံးတော့ နိုးလာခဲ့ပြီပေါ့လေ။

"ငါဘယ္လိုမ်ား..."

"ချစ်တယ်၊မင်းသိလား ငါမင်းအသံကိုဒီတစ်သက်မကြားနိုင်တော့ဘူးထင်ခဲ့တာ ထယ်ယောင်းရဲ့"

ထယ်ယောင်းအားစကားများများပြောခွင့်မပေးပါ။သည်အမျိုးသားငယ် ဘာတွေသည်လောက်အရေးလိုနေသလဲသေချာတော့ဖြင့်လည်းထယ်ယောင်းမခန့်မှန်းတတ်ပေမယ့် သူ့ဘက်မှကိုယ့်အပေါ်မြတ်နိုးကြောင်းတွေတဖွဖွရေရွတ်နေသတဲ့လေ။

"မင်းရုပ်ကရင့်နေလိုက်တာ
ငါက ဘယ္လိုလုပ္ဒီကို..."

"အခုက ဘယ်နှခုနှစ်ထဲရောက်နေတယ်လို့မင်းထင်လဲ ထယ်ယောင်း"

ထယ်ယောင်းနှာခေါင်းလေးရံှု့လိုက်မိပါ၏။ နေထိုင်နေသည့်ခုနှစ်ကိုမသိရသည်အထိ တုံးအသူလို့များ ထိုအမျိုးသားငယ်သတ်မှတ်ထားလေသလား။

"၂၀၁၅ လေ"

ဂျောင်ဂုသက်ပြင်းလေးရိုှက်လိုက်မိသည်။သည်ကောင်ဆိုးလေး ဘာကိုမှလိုက်မှီမှာမဟုတ်သည်ပဲ။

"အခုက ၂၀၂၁ ဒီဇင်ဘာ၂၇ပဲ ထယ်ယောင်း၊
မင်းရဲ့အသက်ကလည်း ထိပ်စီးပြောင်းနေပြီ။အရင်လိုဆယ်ကျော်သက်မဟုတ်တော့ဘူး"

ထယ်ယောင်းဘာကိုမျှမသိသည်လို့ အမျိုးသားငယ်ကထင်နေပုံရ၏။ပြန်လာဖို့ဆိုတာသူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းပါ၊ ဘာတွေဘယ်လိုဘယ်ပုံဖြစ်ပျက်ခဲ့သလဲသူမသိမရှိ။

ဒီနှစ်တွေအတွင်းအရောင်အစွန်းတွေမရှိသည့်အဖြူရောင်လောကအတွင်းထယ်ယောင်းနေထိုင်ပါ၏။ သေခြင်းနှင့်ရှင်ခြင်းအကြားဗျာများနေရဆဲထယ်ယောင်းအတွက်တော့ ကောင်းကင်ဘုံ၏လက်ဆောင်မွန်ကထူးခြားသည်။

Yellow AcaciaWhere stories live. Discover now