Nine🌼

50 8 15
                                    

•Unicode•

နေရောင်ကွက်ကြားဟာ ဟိုတစ်ဖြောက် သည်တစ်ဖြောက်ရယ်။ ပြတင်းတံခါးကိုကျော်လို့ သူ့ကိုယ်ပေါ် နေရာယူတော့ အလိုမက်စြာ မျက်ခုံးတို့်ဟာ တွန့်ချိုးသွားခဲ့သည်။ စုတ်တစ်ချက်ကျစ်သတ်ရင်းဘေးနားမှ တတီတီမြည်အော်နေသည့် နှိုးစက်နာရီအား လှမ်း၍ သူပိတ်မိသည်။

တစ်ကိုယ်လုံးမြုပ်နေသည်အထိ သူခြုံထားသော စောင်ဖြူဖြူကို ဆွဲချလို့ ဖွာကျနေသည့် ခေါင်းလုံးလုံးထက်မှ ဆံသားတို့အား ခပ္ဆဆ ဖွကျဲသည်။ ကျောင်းသွားရန်ပြင်နေသူသည် မနက်ခင်းအား ငေးငိုင်စွာဖြင့်ပင် စတင်မိချေ၏။

သာမာန်မျှဟိုပြင်သည်ပြင်လေးသာ လုပ်ရင်း
လွယ်အိတ်လေးအား တစ်စောင်းလေး သူချိတ်ယူလိုက်သည်။ ကျောင်းဝတ်စုံကို အကျအနဝတ်ဆင်ထားသူ၏ ခြေတံရှည်တို့ဟာ အောက်ထပ်သို့ ဦးတည်နေမိသည်။ အောက်ထပ်သို့ရောက်ချိန် ဘေးဘီရာကို ဝဲ့ဝေ့လို့ သူကြည့်မိတော့ အငွေ့တစ်ထောင်းထောင်းလေး ထွက်နေသည့် နွားနို့ပူပူတစ်ခွက်အား စားပွဲခုံပေါ်၌ သူမြင်လိုက်ရချေ၏။

ခြေလှမ်းကျော့ကျောတို့သည် နွားနို့ခွက်လေးရှိရာထံ ဦးတည်မိရင်း လက်တစ်စုံဟာ ပူနွေးစခွက်ငယ်လေးအား ဆုပ်ကိုင်သည်။ နှူတ်ခမ်းပါးပါးတို့ဟာ မလိုင်ပြစ်ပြစ်ခတ်နှစ်ထားသည့် ခွက်လေးအတွင်းမှ နွားနို့လေးအား သုံးဆောင်သည်။

အငွေ့တစ်ထောင်းထောင်းလေး စွတ်နေသည့်အပြင် မလိုင်နှစ်တွေသန်းနေသည့် သူသောက်လက်စ နွားနို့ခွက်လေးဟာ ဘာနှင့်ဆင်တူသလည်းမေးရင် ကင်မ်ထယ်ယောင်းဟု သူဖြေမိမည်ထင်သည်။ အဖြူရောင်ဆွယ်တာအောက်မှ ကင်မ်ထယ်ယောင်းဟာလည်း ဤသို့ပင်။
ပြည့်ဖောင်းဖောင်းပါးလေးအား မြင်ယောင်မိချိန်တွင်တော့ နှုတ်ခမ်းပါးပါးတို့သည် အလိုအရပြုံးရယ်သည်။ ခပ်တွေတွေလေး တစ်ဝက်ကျိုးနေလက်စ နွားနို့ခွက်လေးအား ငေးကြည့်နေသူသည် မနက်ခင်းထံတွင်ကတည်းမှစ၍ အတွေးနယ်တို့ချဲ့ထွင်နေပါ၏။

"နွားနို့ခွက်က အဲ့လောက်ကြည့်စရာလိုနေတာလား သားငယ် "

ဂျောင်ဂုသူ့နောက်ခြမ်းမှ ထွက်လာသော
အသံကြောင့် အလန့်တကြားပင်ဖြစ်၍ တွေးလက်စလေးတို့ ဟိုသည်ပျောက်ရှရသည်။
နှုတ်ခမ်းနီပါးပါးလိမ်းချယ်ထားသော သူ၏အမေသည် ကျက်သရေအဖြာဖြာနှင့် လွပေန၏။
တွေတွေလေး သူ့ကိုပြန်စိုက်ကြည့်နေသော မိခင်သည် ဘာကိုပြောချင်နေသည်လည်း သူမသိ။

Yellow AcaciaWhere stories live. Discover now