Thirteen🌼

23 2 0
                                    

Unicode🌼

အစိမ်းနုရောင်နံရံပေါ်မှ နာရီသံဟာ တစ်ချောက်ချောက်ရယ်ပင်။ ခပ်ဖွဲဖွဲဆောင်းနှင်းတို့ ထူထဲထဲကြွေဆင်းသည်ကို တမြတ်တနိုးကြည့်မိပါသည့် ကောင်လေးတစ်ယောက်ဟာ ပန်းတွေကိုသိပ်နှစ်ခြိုက်ပါသတဲ့။

အစိမ်းနုရောင်ယှက်ပြေးသည့်ဆိုင်ခန်းလေးအတွင်း အနွေးဓာတ်ဟာစိတ်နှစ်မြို့ချင်စရာပါပဲ။ နေအလင်းဟာပျောက်ဆုံးနေပေသော်ငြား ဆောင်းနှင်းစက်တွေဟာ စွဲမက်ဖွယ်ဟန်ပန်တို့နှင့်။ ဆောင်းနှင်းစက်လေးတို့၏ အချိန်ရှိခိုက်ရနိုင်သလောက် နယ်ချဲ့နေပုံကိုကြည့်၍ တိတ်တခိုးလေးသဘောတကျပြုံးမိသူဟာ ဂျောင်ဂု။

စာမေးပွဲနီးလာခြင်းကိုအကြောင်းပြ၍ ကော်ဖီဆိုင်လေးတွင် ဟိုလျောက်ခြစ်သည်လျောက်ခြစ်လာလုပ်သည့် နှစ်ယောက်ကြောင့်ထယ်ယောင်းတစ်ကယ်ပင် စာထဲစိတ်မရောက်ပါ။ တစ်ယောက်က ရှေ့တွင်တည့်တည့်ပိတ်ထိုင်ပြီး စာအုပ်ကြီးရှေ့ချပြီးပုံဆွဲနေပြီး ဘေးမှကဗျာဆရာသမားလေးဟာတော့ နှင်းတဖွဲဖွဲကျသည်ကိုကြည့်ပြီး သက်ပြင်းတစ်ရိုှက်ရိုှက်အပြင် တစ်ခါတစ်ခါကျလည်း တစ်ခစ်ခစ်လုပ်နေသေးသည်။ သို့သော်လည်း အလုပ်ကိုယ်စီနှင့်မို့ ထယ်ယောင်းဘာမှမပြောတော့ပါဘဲ ကိုယ့်စာကိုယ်သာ ပြန်၍အာရုံစိုက်လိုက်မိသည်။

ဂျောင်ဂုမလိမ်ညာချင်ပါ။
ကိုယ့်ဘေးတွင်ထိုင်၍ စာကိုသာကုန်းလုပ်နေပြီး နှလုံးသားအတွင်းနယ်ကျော်လာတတ်သည့် ခိုကပ်အရိပ်ရှားပါးပန်းချီငယ်ဟာ သိပ်ကိုလှသည်။အညိုရောင်မျက်ဝန်းအစုံဟာ ကြယ်စင်အစုအဝေးတို့၏စတင်ရာ၊ သွယ်တန်းနေသည့်နှာခေါင်းရိုးလေး၏သေသပ်သော အကွေ့အဝိုက်သည် အညိုရောင်လေး၏မျက်နှာထက် ပနံသင့်စွာဝင့်ဝင့်ကြွားကြွား။ တွန့်ချိုးထားသောမျက်ခုံးအစုံ၏ လျှောစောက်တစ်ခုဟန်ပုံစံလေးနှင့်အတူ ဖြုလွှလွှစာရွက်သားပေါ်တွင်ပြေးလွှားနေသည်ကား နုထွေးတဲ့ဖယောင်းလက်တစ်စုံ။

လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကိုချစ်မိသွားပြီဆိုရင် အဲ့ဒီလူတစ်ယောက်မှာသီးခြားကမ်ဘာလေးတစ်ခု ပေါ်လာတတ်သည်တဲ့။

Yellow AcaciaWhere stories live. Discover now