Fifeteen🌼

39 1 0
                                    

Unicode

သဘာဝတရားကြီးဟာ အချိန်ဆိုသည့် ဥတုစက်ဝိုင်းလေးအပေါ်မယ် ကွေ့ဝိုက်စွာလည်ပတ်လျှက်ပါပင်။ ရက်အပြောင်းအလဲတွေများလာသည်နှင့်အမျှ အသက်အရွယ်ဟာလည်းတိုးလာသည်။ အထက်တန်းကျောင်းသားဘဝတို့ကုန်ဆုံးခဲ့ပြီဖြစ်သောအချိန်၌ပင် ဂျောင်ဂုထယ်ယောင်းအား ဖွင့်မပြောဖြစ်ခဲ့သေး။

အထက်တန်းကျောင်းလေ့လာရေးခရီးပြီးသည့်အချိန်ထဲမှ စလို့ဂျီမင်းရော ယွန်းဂီဟျောင်းကပါ ထိုအတွဲကြား အမျိုးမျိုးအဖုံဖုံဝင်ကူညီပေးကြရှာသည်။ သို့ပေမယ့်ဂျောင်ဂုဘက်မှတော့ တုပ်တုပ်မျှမလှုပ္။ သည်လို့နှင့်အကြိမ်ကြိမ် ယွန်းဂီနှင့်ဂျီမင်းကဝင်ကူညီပေးလိုက်၊ ဂျောင်ဂုရှောင်ထွက်သွားလိုက်၊ ထယ်ယောင်းကစိတ်ဆိုးသွားလိုက်နှင့်ပဲ သံသရာလွလွေလးဟာ တဝဲဝဲလည်ပတ်နေရတော့သည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေဖြေဆိုနေရပြီဖြစ်သည့်အချိန်ဖြစ်သောကြောင့် ဂျောင်ဂုရင်တွေတုန်နေရသည်။ သူကိုယ်တိုင်အတွက်တော့မဟုတ်၊ ထယ်ယောင်းအတွက်ပင်။

ဂျောင်ဂုက ပန်းပညာရှင်တစ်ယောက်ဖြစ်ချင်ရုံသာမလို့ စာပိုင်းဆိုင်ရာဖိအားတွေသူ့ထံ၌ သိပ်များများစားစားရှိမနေ။ သို့သော်သူ၏အနာဂါတ်ခင်ပွန်းလောင်းလေးမှာမူကား ဆရာဝန်တစ်ယောက်ဖြစ်ချင်နေသည်မလို့ ဆိုးလ်ဆေးတက္ကသိုလ်၏ဝင်ခွင့်စာမေးပွဲအား ဖြေဆိုနေရခြင်းပင်။

ထယ်ယောင်းက ဆေးကျောင်းဝင်ခွင့်ဖြေနိုင်သည်အထိ အမှတ်မြင့်မြင့်နှင့်အထက်တန်းအောင်ခဲ့သည်။ ဂျောင်ဂုကတော့ floral university တစ်ခုအားရွေးချယ်ထားပြီး ဂျီမင်းနှင့်ယွန်းဂီအစ်ကိုကတော့ အနုပညာမေဂျာကိုအတူတူရွေးချယ်ထားကြကြောင်းသိရသည်။ သည်လိုပုံစံနှင့်ပဲ သက်ဆိုင်ရာလမ်းအသွယ်သွယ်ကို ခြေလှမ်းဖို့ပြင်နေကြပြီဖြစ်သည့် တစ်ချိန်ကပေါက်ကရပေါင်းစုံလျှောက်လုပ်ခဲ့ဖူးသည့် အထက်တန်းကျောင်းသားလေးတွေ။

ဂျောင်ဂုလက်ဖျားလေးတွေအေးစက်သွား၏။ အေးဆို နှင်းနတ်ဘုရားမလေးက ညှာတာခြင်းကင်းမဲ့စွာ မြေလွှာပေါ်လာရောက်အနားယူသကိုး။ ထို့နောက်ဂျောင်ဂုရောက်ရှိနေသည့် တက္ကသိုလ်ကျောင်းကြီးအား တစ်ချက်မျက်လုံးလေးဝေ့လိုက်မိသည်။ ကျောင်းဝန်းအတွင်းအမှန်တစ်ကယ်စာဖြေရမည့်ဘေးမှထယ်ယောင်းတော့မသိ၊ စောင့်နေရသည့်ဂျောင်ဂုမှာတော့ နာရီဝက်လောက်ပင်ရှိသေး။ အလွန်ပင်ရင်ခုန်နေရပြီဖြစ်သည်။

Yellow AcaciaWhere stories live. Discover now