Unicode
ပထမဆုံးအကြိမ်အဖြစ် တွယ်နှောင်ရစ်ပတ်ခဲ့သော ချစ်ခြင်းလေးသည် အဝါရောင်အပင်ငယ်လေးအောက်မှ နိဒါန်းသွယ်သည်။
အကယ်၍များ ပန်းပွင့်တွေဟာသာအချစ်ဆိုရင်
ပန်းပျိုးသူကလည်း အချစ်ပါပဲ။ လောင်းရိပ်မှန်တဲ့ အကြင်နာတွေရဲ့အောက် မေတ္တာတရားတွေ ပက်ဖျန်းတဲ့အခါ အနူးည့ံဆုံးချစ်ခြင်းဟာ အလှဆုံးပွင့်လန်းနိုင်ပါရဲ့။တစ်ချက်တစ်ချက် အော်မြည်လာလျက် နှလုံးသား၏ ခုန်လှုတ်ခြင်းသည် မျက်ဝန်းညိုတို့ကြောင့် ဖြစ်တည်သည်။ တိုတောင်းလွန်းသော အခိျန်ကာလတွင် ညှို့နက်တတ်ခဲ့သော ကဝေလုလင်သည် မာယာကင်းစွာ ဖြူစင်တွယ်နှောင်၏။ သို့တင်မဟုတ် သူသည်လည်း လိုအင်ကင်းစွာ ကျေကျေနပ်နပ် တွယ်နှောင်ခွင့်ပြုမိ၏။
ရင်းနှီးတကျွမ်းရှိခဲ့ဖူးသော ဆေးသားကွာခါစ
ဓာတ်ပုံအဟောင်းလေးတစ်ခုထံ သက်သေပြု၍
ပစ္စုပ္ပန်၌ နီးကပ်စွာရှိမနေသည့်တိုင် ဝေးကွာခြင်းလည်း မဟုတ်ပါလေ။ ပြန်ရှာတွေ့ခဲ့သော အဖိုးထိုက်သည့် နှလုံးသားရတနာလေးအား ဘယ်လောက်ပင် စောင့်နေခဲ့သည်ဆိုစေကာမူ နီးကပ်ခြင်းဖြစ်အောင် သူဟာ တမင်လုပ်ယူမည်မဟုတ်။ဖြူစင်ကာစ နှလုံးသားလေးတွင်
သူဟာ တစ်ဦးတည်းသော လှုတ်နှိုးခဲ့သူ။
အရောင်အစွန်းအထင်းတွေမပါတဲ့ ပထမဆုံးသော မြတ်နိုးခြင်းတွင် သူ့ဘက်မှ စတင်လာမည့် ပိုင်ဆိုင်ခြင်းဆိုတာမရှိ။ ထို့အတူ လက်လျော့ခြင်းဆိုတာလည်း ရှိနိုင်မည်မဟုတ်။ဆောင်းလေပြည်က ပြေပြေကလေးတိုက်ခတ်တယ်ရယ်။ လေပြည်ငယ်သယ်ဆောင်တာမလို့ထင်ရအောင်ပင် သူ့ဆံသားတိုလျလျတို့က တစ်ဝေဝေကြွေနေတဲ့ ချယ်ရီတွေကြားမှာ တစ်ဝဲဝဲ။
အေးစက်စက်လေပြင်းငွေ့တွေထဲ ရောယှက်ကြွေလွင့်လာပါသော ချယ်ရီပွင့်ချပ်လေးတွေကို သူအမြတ်တနိုးကြည့်မိသည်။ မြေပြင်ပေါ်ခစားလာတဲ့ ချယ်ရီတွေက ပင်ဖျားထက်မှာနေရတာ ပင်ပန်းလာပြီထင်ရပါရဲ့။
![](https://img.wattpad.com/cover/282027423-288-k47953.jpg)
YOU ARE READING
Yellow Acacia
FanfictionYellow Acacia = Secret love 💛 မပြောဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိမ်အနက် Story by Eikiko_Kim