Five🌼

62 10 3
                                    

__Unicode_

တစ်ရွေ့ရွေ့လည်ပတ်နေတဲ့
ကျောင်းခန်းအတွင်း နာရီသံဟာ
တစ်ချောက်ချောက်ပါပင်။

ရှေ့ဆုံးတန်းတွင်ထိုင်နေသော ထယ်ယောင်းဟာအတန်းချိန်ပြီးပြီမို့ ဂျီမင်းအားခေါ်ရန် နောက်သို့လှည့်မိချိန်၌ မှောက်ရက်သားအိပ်နေသည့် ခေါင်းလုံးလုံးတို့သည် မျက်ဝန်းအိမ်တို့အတွင်း
နေရာယူသည်။ ထိုအမျိူးသားငယ်ထံမှ ဟောက်သံတစ်စိုးတစ်စလေး ထွက်လာချိန်၌ မရည်ရွယ်ပါဘဲ နှုတ်ခမ်းပါးတစ်လွှာဟာ ပြုံးမိသွားသည်ဆိုတာကို သူကိုယ်တိုင်ပင်လည်းသိလိုက်ပုံမပေါ်။

ပစ္စည်းသိမ်းပြီး၍ ထယ်ယောင်းဘေးနံပါးဆိုက်ရောက်လာသော ဂျီမင်းသည် မှောက်အိပ်နေသော
ဂျောင်ဂုအား မျက်ခုံးတစ်စုံတွန့်ချိုးရင်း
ကြည့်သည်။ ညကင်းစောင့်ထားရသည့်အတိုင်း
နှစ်ခြိုက်စွာ အိပ်ပျော်နေသူသည် ကျောင်းခန်းနှင့် မွေ့ယာမှားနေပုံရသည်။

လက်တို့၍လှမ်းနှိုးမည်လုပ်သော ဂျီမင်း၏လက်ကို ထယ်ယောင်း ကာဆီးလိုက်သည်။ ထို့နောက် သူ့ခါးလေးကို တစ်ဝက်လောက်အထိ ကိုင်းညွတ်ရင်း ဂျောင်ဂု၏ မျက်နှာနားအထိ တိုးကပ်လိုက်သည်။

ဘာကြောင့်လည်းဆိုသည့် အကြောင်းပြချက်မျိုး သူမတွေးမိပါ။သည်အတိုင်းထိုအမျိုးသားငယ်ကို သူကိုယ်တိုင်နှိုးချင်နေမိသည့်စိတ်လေးသည်သာ ကြီးစိုးပါချေ၏။

အနီးကပ်သေချာကြည့်တော့မှ ဝိုးတဝါးမြင်ရသော နှုတ်ခမ်းအောက်မှ မဲ့စက်လေးသည်
သူ့စိတ်တို့အား ရေစုန်ဆန်စွာ စီးဆင်းစေသည်။

နှစ်ခြိုက်စွာ အိပ်မောကျနေသူအား သူစိုက်၍ကြည့်မိတော့ အမျိုးအမည်တပ်၍မရနိုင်သော လေးပင့်ပင့် ခံစားချက်တစ်ချို့က ရင်ဘတ်အတွင်း၌ တင်းကြပ်ကြပ်ဖြင့်။ ရင်ခုန်နေသည်လော စိတ်လှုပ်ရှားနေသည်လော မခန့်မှန်းတတ်စွာ သူ့စိတ်တို့သည် ယိမ်းနွဲ့လှုပ်ရှားနေပါ၏။

နီးကပ်နေသော မျက်နှာနှစ်ခု၏ အကွာအဝေးတွင် သူတစ်ယောက်တည်းပင် ရှက်လာမိသလိုပင်။
လွယ်အိတ်လေးအား ဆုပ်ကိုင်ထားသော
သူ့လက်သွယ်သွယ်တို့သည် အိပ်ပျော်နေသော
ဂျောင်ဂု၏ ပုခုံးတို့ထံ ဆိုက်ရောက်သွားသည်။

Yellow AcaciaWhere stories live. Discover now