Part [ 1 ]

3.6K 182 63
                                    

Jungkook'era

၁၄ရာစုဂိုဂျူလျောမင်းဆက်ပျက်သုဥ်းပြီးနောက် ဂျိုဆွန်းမင်းဆက်၏ပထမဆုံးအုပ်စိုးသူထယ်ဂျိုဘုရင်လက်ထက်...

မို့မောက်မောက်တောင်တန်းတွေကိုအခြေပြု၍အမည်ခေါ်တွင်စေခဲ့သော ပူဆန်ပြည်.....ပင်လယ်ဆိပ်ကမ်းပြည်နယ်ဖြစ်ပြီးတစ်နယ်တစ်ကျေးအသွင်တစ်မျိုးဖြင့် စည်ပင်နေ၏။ ဂျိုဆွန်းခေတ်တည်ထောင်စအခြေအနေဖြစ်ပြီး ပူဆန်ပြည်လေးသည်လည်းနိုင်ငံတော်အရှည်တည်ခိုင်မြဲရေးကိုတစ်ဖက်တစ်လမ်းမှကူညီပံ့ပိုးပေးနေသည်။ ပင်လယ်ဆိပ်ကမ်းတွင်တည်ရှိသောကြောင့်နိုင်ငံ၏ရေကြောင်းကုန်သွယ်ရေးကိုများစွာအကျိုးပြုသည်။ တောင်တန်းကြီးများရှိ၍ တစ်ချို့တစ်နယ်နှင့်တစ်နယ်ကြားတွင်တောင်တို့ခြားလေ့ရှိသည်။ သို့သော်ငြားကွဲပြားထွက်နေခြင်းမျိုးမဟုတ်ဘဲ စုစုစည်းစည်းလေးတည်ရှိနေသောပြည်နယ်။ထိုပြည်နယ်ကိုအုပ်စိုးသောနယ်စားအရာခံများသည်ဖြောင့်မတ်သောကြောင့် တိုင်းပြည်၏ဝန်သည်တစ်ဖက်တစ်လှမ်းမှလျော့သည်။

"ပြန်ရောက်တာကြာပြီလား နယ်စားမင်း"

"ဟုတ်ကဲ့ ကျွန်တော်မနက်ကတင်ပြန်ရောက်တာပါ ဆရာကြီးကိုတွေ့ချင်တာနဲ့လာခဲ့လိုက်တာ"

အမျိုးအမည်မသိသည့်ပန်းတွေကို ဆရာကြီးသည်ရေလောင်းနေသည်။ အမြဲတစေသူလာတိုင်း ဆရာကြီးသည်ပေါင်းသင်သည်ရေလောင်းသည် ထို့နောက်သူမသိသည့်အပင်စိုက်ပျိုးနည်းများဖြင့်လည်းရှားပါးမျိုးစိတ်များကိုစိုက်ပျိုးတတ်သည်။ ဆရာကြီးသည်အသက်ကြီးရင့်ပြီဆိုသော်ငြား အခြားသူတွေလိုမုတ်ဆိတ်မရှည် ဖြူလည်းမဖြူ ခါးလည်းမကိုင်းကျန်းမာရေးကောင်းသည်။ ကောင်းကင်နက္ခတ်ကြယ်တာရာများကိုတွက်ချက်သလို တနိုင်တပိုင်ဆေးမှင်ထိုးကွင်းများလည်းထိုးတတ်သည်။ တစ်နယ်တစ်ကျေးသို့လှည့်လည်သွားလာလျှင်လနှင့်ချီ၍ကြာတတ်ပြီး ခရီးလွန်လျှင်နှစ်ချီကြာတတ်သည်။

"ဝင်လာလှည့်ပါ နယ်စားမင်း"

"ဂျောင်ကုလို့ပဲခေါ်ပါ ဆရာကြီးဘယ်လိုပြောင်းခေါ်ခေါ်ကျွန်တော်ကဆရာကြီးရဲ့တပည့်ပဲလေ"

From 14th century to 21st century Where stories live. Discover now