အရမ်းကြာလို့ Reader-nimများ တုတ်နဲ့ရိုက်မလွှတ်ပါစေနဲ့🙏__😁
============================
ဒီညမှလေကပြင်းသည်။ မိုးရိပ်တွေမြင်နေရသော်လည်း သူဒီနေရာမှရွေ့မရသေး။သူ့နည်းတူ ရုတ်ရုတ်သဲသဲဖြင့် ပြေးလွှားနေသူများသည် လမ်းမထက်တွင်အလုပ်ရှုပ်စွာဖြင့်။
ဆိုးသည်။ ကားမောင်းမဆင်ခြင်ခြင်းသည် အခုလိုလူများစွာက်ို ထိခိုက်စေခဲ့၏။ ကံကောင်းသည်က ဒေသတွင်သူတို့အဖွဲ့ရောက်နေခြင်းဖြစ်၍ နစ်နာဆုံးရှုံးမှုများ များများစားစားမရှိ။"ဆော့ဂျင် မင်းဟိုတစ်ယောက်ကိုကြည့်ပေး ငါသူ့ကိုဆေးရုံကားပေါ်တင်လိုက်မယ်"
"နောက်တစ်ကားခေါ်ထားလား"
"အင်းလာနေပြီ"
နမ်ဂျွန်းပြောသည့်လူဆီ ဆော့ဂျင်သွားသည်။ ထိုလူသည် လမ်းပေါ်လှဲနေသောကားအတွင်းမှထွက်လာသူဖြစ်ပြီး သူ့မျက်နှာသည်ဖြူဖက်ဖြူရော်ဖြင့်။
"အစ်ကို အစ်ကို အဆင်ပြေလား ကျွန်တော်ပြောတာကြားလား ကျွန်တော့်ကိုမြင်လား"
ဆော့ဂျင်က ထိုလူ့ရှေ့တည့်တည့်လက်ဝါးကာလိုက် ပါးစပ်ကနေတတွတ်တွတ်ဖြင့်မေးမြန်းရင်း
"ဂျောင်ကု သူ့ကိုအထဲခေါ်သွားရအောင် ငါ့ကိုကူ"
သူတို့အထဲကိုရွေ့သည်။ လေပြင်းထန်ဆဲကောင်းကင်မှ ပြိုတော့မည့်မိုးဟာညှာတာမည့်ပုံမပေါ်။ ထို့ကြောင့်သူတို့တစ်ဖွဲ့လုံး ဆိုးရွားစွာထိခိုက်ထားသူများကို အနီးဆုံးဆေးရုံပို့၍ ကျန်လူများကို အနားရှိအိမ်ထဲသို့အတတ်နိုင်ဆုံးသယ်ယူနေကြသည်။
ဆော့ဂျင်နှင့်ဂျောင်ကု ထိုလူကိုသယ်ခဲ့ပြီး ပလက်လှန်လှဲစေသည်။ ဖြူစုတ်နေသည့်ထိုလူ၏ခြေနှစ်ချောင်းကို အောက်မှခုံခုပေး၍ လှဲချထားသောဦးခေါင်းထက်မြင့်စေသည်။ ထို့နောက် အသက်ရှူရသက်သာစေရန် လည်ပင်းမှ အနည်းငယ်တင်းကြပ်နေသော ကြယ်သီးကိုဖြုတ်လိုက်သည်။"ကျွန်တော်တို့က ကျန်းမာရေးဝန်ထမ်းတွေပါ စိတ်ကိုအေးအေးထားပြီး အသက်ပုံမှန်ရှူသွင်းပါ မကြာခင်တတ်ကျွမ်းသူတွေဆီပို့ပေးပါမယ်"
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~