Part [ 23 ]

466 64 61
                                    

ဆိုင်ထဲသို့အပြေးဝင်လာသည့်သူတစ်ယောက်ကို မှန်မှတစ်ဆင့်သူတွေ့လိုက်ရသည်။ ပြီးနောက် ထိုလူကသူ့ကိုမျက်စိမှိတ်မတက်ရယ်ပြီး တင်းတင်းကြပ်ကြပ်ကို လာဖက်၏။

"ဟို...ခဏ ခဏလေး"

"ပြန်လည်ကြိုဆိုပါတယ်ဂျောင်ကု...အာ နယ်စားမင်း"

ဟိုဆော့က အနောက်ကိုခြေတစ်လှမ်းဆုတ်လျက် သူ့ကိုယ်ကိုယ် ဖုန်ဖက်ခါကာ ဦးညွှတ်နှုတ်ဆက်သည်။

"အဲ့လိုမလုပ်ပါနဲ့ ရပါတယ်"

ဂျောင်ကု ဟိုဆော့အနားသွားလိုက်ပြီး ခါးကိုပြန်မတ်ပေးလိုက်၏။

"အရင်လိုပဲဆက်ဆံပေးပါ"

"အာ.....ဟုတ်ပြီ ဟုတ်ပြီ။ ဒါနဲ့ ညကအိပ်ရတာအဆင်ပြေရဲ့လား"

ဂျောင်ကု ခေါင်းငြိမ့်ပြတော့ ဟိုဆော့က သွားညီညီတွေပေါ်အောင်ရယ်နေပြန်၏။
မနေ့ညက ထွက်သာထွက်လာခဲ့ရတာ။ ကင်မ်ဆော့ဂျင်အိမ်ကလွဲ၍ သူသိတာဆိုလို့ ဟိုဆော့၏ဆိုင်ခန်းပင်ဖြစ်သည်။ တစ်ရက်စနှစ်ရက်စအလုပ်လုပ်ဖူးသည်ဖြစ်၍ ဟိုဆော့သည် သူ့ကိုမြင်သည်နှင့်မှတ်မိသည်။ ထို့နောက် ရင်းနှီးသူတွေဆီက သူတို့နှစ်ယောက်သတင်းကြားပြီးပြီထင်ပါသည် ဝမ်းပန်းတသာပင်ကြိုဆိုသည်။ ဒီမနက်လည်း ကြိုဆိုလိုက်တာ ရိုရိုသေသေ...။
ရှေ့ဆက်ရမည့်အချိန်တွေအတွက် သူနေထိုင်ရန်နေရာလိုအပ်သေးသဖြင့် ဟိုဆော့ကိုအားနာနာဖြင့် အကူအညီတောင်းခဲ့ရပြီး တန်ပြန်အနေဖြင့် ဆိုင်မှာဝိုင်းကူလုပ်ပေးရန်သဘောတူညီမှုယူခဲ့၏။

"အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်"

"ဂျောင်ကု......လို့ပဲခေါ်မယ်နော်"

"ရပါတယ်"

ဟိုဆော့က ဂျောင်ကုကို တွေးစစကြည့်နေရင်းမှ

"မင်း ဂျင် Hyungအကြောင်းကို အကုန်သိချင်လား။ ဥပမာ သူသွားတတ်တဲ့နေရာ၊ သူကြိုက်တတ်တဲ့အစားအစာ၊ သူနှစ်သက်တဲ့ပုံစံလေးတွေ အဲ့တာလေးတွေမသိချင်ဘူးလား"

ဟိုဆော့ပြောနေသမျှကို ဂျောင်ကုမှာကြမ်းတိုက်သည့် brushလေးကိုင်ပြီးကြောင်တောင်တောင်လေးကြည့်နေရှာသည်။

From 14th century to 21st century Where stories live. Discover now