ကတ္တရာလမ်းထက်က ခြေလှမ်းညီညီ~~~
ထပ်ကြပ်မကွာလိုက်လာသည်က သူ~~~ဂျွန်ဂျောင်ကု
ကားပါပါလျက် Bus Stopသို့ အပြေးနှင်သည့် ရှေ့ခြေလှမ်းများသည်လည်း မည်သည့်အရာကိုမှ ဂရုမစိုက်စွာခပ်ကြဲကြဲပါပဲ"ဆော့ဂျင်~~~"
မျိုးရိုးနာမထည့်မခေါ်သောနောက်နားမှ ခေါ်သံကြောင့် တုံ့ခနဲရပ်သွား၏။ ထို့နောက် ထိုသူရှိရာအနောက်သို့ မျက်လုံးလေးစွေကြည့်ကာ တန့်သွားသည့်ခြေလှမ်းများကို ဆော့ဂျင်ပြန်အစပျိုးသည်။ ခပ်လှမ်းလှမ်းမှမြင်နေရသည့် ဘတ်(စ်)ကားကြောင့် သူအလျင်လိုစွာ လျှောက်လိုက်သည်။ သည်တစ်ခါတွင် နောက်ကခြေလှမ်းများသည် ရပ်တန့်ကျန်ခဲ့၏။
သူရောက်သည့်အချိန်နှင့် ကားဆိုက်ချိန်သည်တစ်ချိန်တည်း.....တဆက်တည်းပင်ကားပေါ်ကိုတက်သည်။ ထိုင်ခုံလွတ်အများအပြားထဲမှ နောက်ဆုံးခုံကို ရွေးချယ်လိုက်၏။ ကားဆိုက်နားချိန်သည် တစ်ခဏမျှသာ...ထိုတစ်ခဏအတွင်း သူ၏အာရုံများသည် ဘတ်(စ်)ကား၏အဝင်ပေါက်တွင်ဖြစ်သည်။
ကားတံခါးသည် ပိတ်ပြီ။ တပြိုင်နက် သူ့မျက်လုံးတို့က ထိုင်နေသည့်ကားမှန်အလွန် Bus stopတွင်ရပ်နေသူဆီရောက်သွား၏။ သိမ်းဆည်းထားသောဆံနွယ်များကြောင့် သူ့မျက်လုံးဝိုင်းများကထင်းလင်းစွာပေါ်နေသည်။ အရောင်စုံသော မီးရောင်တို့ကြောင့် မျက်လုံးဝိုင်းများသည် ပိုကြည်ပိုတောက်နေသယောင်။ နွေမိုးဆောင်းခွဲခြားစွာမရှိသော အေးလှသည့်သူတို့နိုင်ငံတွင် အနွေးထည်မပါလျက် ညအငွေ့မှုန်များကြားမှ စပို့ရှပ်တစ်ထည်ဖြင့်သူ.....ဆော့ဂျင် ကားပြင်မှဂျောင်ကု၏အကြည့်များကိုလွှဲလိုက်သည်။ကားလေးကတရွေ့ရွေ့ဖြင့် ထိုသူနှင့်ဝေးရာသို့ပြေးနေသည်။ မလှုပ်မယှက်ရပ်နေသည့်ဂျောင်ကုကို မြင်ကွင်းမှမပျောက်ကွယ်ခင်ထိ သူလည်ပြန်ကြည့်သည်။ ဆုံးဖြတ်ခဲ့ပြီးမှတော့ သူနောက်ကြောင်းပြန်မလှည့်ချင်ပါ။ ဟိုဆော့ဆိုင်ကို ဂျောင်ကုပြန်မသွားနိုင်ရန် နီးလှသောကားဂိတ်ကို လမ်းအသွယ်သွယ်မှအမျိုးမျိုး ကွေ့ကာပတ်ကာ လာခဲ့သည်။
ရည်ရွယ်ချက်သည် ဂျွန်ဂျောင်ကုကို မျက်စိလည်လမ်းမှားတတ်သော လူစည်သည့်နေရာတွင်ထားခဲ့ရန်။ သို့သော်.....
STAI LEGGENDO
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~