ဆော့ဂျင်၏အံ့သြနပန်းဖြစ်နေပုံကို ဂျောင်ကုကြည့်ကာခပ်ပြုံးပြုံးရယ်မို့ ရှေ့ကလူမှာမျက်ခုံးတို့က တောင်တက်တောင်ဆင်းလို ခပ်တွန့်တွန့်ဖြစ်လာသည်။ ညစ်ပတ်ပေရေနေသည့်အဝတ်တွေကိုလဲပေးသည်ကို ကျေးဇူးမတင်သည့်အပြင် အလိုမကျဖြစ်နေသည့်လူကို ဂျောင်ကု ကျောခိုင်းလိုက်သည်။ အချင်းချင်းတွေကို ရှက်တတ်နေလိုက်တာ။
"ဘယ်သွားမလို့လဲ"
"နေပြည်တော်"
နေပြည်တော်ဆိုတော့ ဒီနေရာနဲ့ဝေးတာပေါ့။
"ငါလည်းလိုက်မယ်"
ဂျောင်ကုပြန်လှည့်လာသည်။ ကုတင်အစွန်းကိုကိုင်ကာ ထနေသည့်ဆော့ဂျင်ကို ပြန်ထိုင်စေလိုက်ပြီး သူပါအနားတွင်ဝင်ထိုင်လိုက်သည်။
"ဘာလိုက်လုပ်မှာလဲ"
"ဒီနေရာမှာ ငါတစ်ယောက်တည်းဘယ်လိုနေမလဲ"
"နေခဲ့ လိုအပ်တာတွေသူတို့အကုန်စီစဥ်ပေးလိမ့်မယ်"
"မင်းငါ့ကိုထားခဲ့ပြန်ပြီ"
နာကျင်မျက်ဝန်းတွေကိုပုံဖော်ကြည့်တော့ ဝမ်းနည်းမှုတို့ တစ်စွန်းတစ်စစွက်ဖက်နေသလို။
"ဆော့ဂျင်~"
"သွားတော့... မင်းပြန်လာရင် ငါရှိ မရှိမသေချာဘူး။ မြန်မြန်ပျောက်ကွယ်သွားလေ မင်းအတွက်ပိုကောင်းတယ်မလား။"
ထင်ချင်ရာတွေစွတ်ထင်နေတော့ ဂျောင်ကုမှာမချိမခံသာ။ သူ့ကျောက သွေးစို့စို့ဒဏ်ရာတွေကို သတိရပါရဲ့လား။ မခေါ်ချင်လို့မဟုတ်။ ခရီးက နေ့ဝက်လောက်တရစပ်သွားမှဖြစ်မည်မို့ ဆော့ဂျင်ကိုခေါ်သွားလျှင် ပင်ပန်းပြီးပိုနေမကောင်းဖြစ်မှာစိုးသည်။ မသွား၍လည်းမဖြစ်သည်မို့ ခုချိန်ဘာဖြေရှင်းချက်မှသူမပေးချင်။
"မြန်မြန်ပြန်ခဲ့မယ်"
ဂျောင်ကုထွက်လာသည်။
စေ့ပိတ်သွားသည့်တံခါးရွက်ကို ငေးကြည့်ရင်း မျက်ဝန်းတို့ကအရောင်ဖျော့သွားသည်က တစ်စုံတစ်ယောက်။ ကွဲသွားသည့် ကြွေပန်းကန်လုံးလေးရဲ့အကွဲစများသည် ဂျောင်ကုမထွက်သွားခင် အရသိမ်းသွားသည်မို့ ကြမ်းပြင်တွင်ရှိမနေတော့ပေ။
ဂျောင်ကုကိုထွက်မသွားစေချင်တာ ထိုအချက်ကြောင့်လည်းပါသည်။ ပန်းကန်တွေခွက်တွေကျကွဲရင် မကောင်းတာတစ်ခုခုဖြစ်တတ်သည်ဟု ရှေးလူကြီးတွေမိန့်ခဲ့သည်မလား။ ရှေးမူမပျက်သည့် သူ့မေမေကြောင့် ဆော့ဂျင်စိုးရိမ်တတ်တာတော့အမှန်။ ဒါပေမယ့် သူ့နှုတ်ကထွက်လာသည့်စကားလုံးများက ထိုလူ့ကိုမချေမငံပြောပစ်လိုက်ခြင်းမျိုးတွေချည်းဖြစ်နေပြန်သည်။
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~