Part [ 18 ]

590 84 16
                                    

ညကြီးမင်းကြီး ဂျောင်ဟိုဆော့ဆိုင်တွင် ခေါင်း၅လုံးဆိုင်နေကြသည်။

"ဂျီမင်းပြောသလိုဆိုရင် သူတို့ဘယ်လိုပြန်လာနိုင်လဲ။"

အကုန်လုံးခေါင်းခါကြသည်။

"မင်းရော... စဥ်းစားမရဘူးလား"

ဂျီမင်းကိုရည်ရွယ်ပြီး မေးလာသဖြင့် သူခေါင်းခါပြလိုက်သည်။

"ဒါဆို ဒီကိုဘယ်လိုရောက်လာလဲ"

တိတ်ဆိတ်နေသည့် ယွန်းဂီမှ အမေးစလာသည်။

"အဲ့နေ့က ကျွန်တော်တို့ရန်သူတွေနဲ့တိုက်ခိုက်ကြတယ်။ တိုက်ပွဲက သူတို့ဘက်အလေးသာနေပြီး ကျွန်တော်တို့အသက်ပေးလိုက်ရမယ့်အချိန်...အဲ့အချိန်...အဲ့အချိန်မှာအလင်းအားများတဲ့ မိုးကြိုးတစ်စင်းကမြေပေါ်ဖြတ်တယ်။ မျက်စိမှိတ်ပြီးသွားတဲ့နောက်...ပြီးတော့ ဘူဆန်ရဲ့တောထဲမှာနိုးလာခဲ့တာ...ကျွန်တော်မှတ်မိတာအဲ့တာအကုန်ပဲ hyung"

ထိုအချိန်တံခါးမှ လူဝင်လာသည့်ခေါင်းလောင်းသံ တချွင်ချွင်ကြားလိုက်ရသည်။ ဆိုင်ပိတ်ရက်မို့ ဘယ်သူဟုစူးစမ်းကာ ဝင်လာသူထံအာရုံစုမိကြ၏။

"အာ လူတွေစုံနေတာပဲ"

ကလေးလေးတစ်ယောက်ကို လက်ဆွဲဝင်လာသည့်သူမသည် ရိုးရိုးလေးလှသည်။ ကလေးမလေးကို နမ်ဂျွန်းဆီချီပေးလိုက်ရင်း

"အစ်မအလုပ်လေးရှိလို့ သမီးကို မောင်လေးအိမ်ခေါ်သွားလိုက်နော်"

ကလေးပေးပြီးတာနှင့် အပြုံးနှင့်ဝေ့နှုတ်ဆက်သွားသည့် သူ့အစ်မကို နမ်ဂျွန်းခပ်ကျယ်ကျယ်လေးအော်ပြောလိုက်သည်။

"ယောကျာ်းနဲ့သွားတွေ့မို့မလား"

သူ့အသံနှင့်အတူ ကလေးမလေးအသံလေးက နောက်မှကပ်ပါလာသည်။

"မေမေ mirrorမောင်လေးတွေ ညီမလေးတွေ ထပ်မလိုချင်ဘူးပြောထားတယ်နော်"

သူမက ဘာမှမပြောဘဲနှင့်သာ ချစ်စရာကောင်းစွာပြေးထွက်သွား၏။ ပိုက်ဆံအိတ်ကို ခေါင်းပေါ်တင်၍ အပြေးအလွှားလေး ကားဆီသွားသည့်သူမပုံရိပ်ကိုမြင်မှ

"နမ်ဂျွန်း hyung..."

"အင်း"

စူပုပ်နေသည့်ကလေးမလေးကို ချော့မြူရင်းမှ နမ်ဂျွန်းတို့ပြန်ထူးသည်။

From 14th century to 21st century Donde viven las historias. Descúbrelo ahora