ဘူဆန်၏အအေးကဲသောညကို သူ့ထက်ငါ အပြိုင်အဆိုင်ကြွေဆင်းနေကြသော မိုးရေပေါက်များက ထပ်မံဖြည့်စွက်အချမ်းပိုစေသည်။ ထိုသို့အေးချမ်းလှသောညတွင် တစ်ယောက်သောသူကတော့ နဖူးတွင်ချွေးတို့စို့ကာနေ၏။ သည်းခံခြင်းတရားကို လက်ကိုင်ထား၍ သက်မကိုသာခပ်ပြင်းပြင်းချရသည်။ ဂျောင်ကုသည်သူ့ရှေ့တွင်ရှိနေသူ၏လုပ်ရပ်များကို ငြင်းဆန်ခွင့်မရှိ အဘယ်ကြောင့်ဆို ထိုသူသည် သူ့အတွက်လိုအပ်သည်။
"ဒေါက်"
"............"
မျက်လုံးလှန်ကြည့်လာ၍ ဆော့ဂျင်ကောင်းကောင်းကြီးပြုံးပြလိုက်သည်။
"ဒေါက်"
"လွန်ပြီနော်"
ခပ်ကြိတ်ကြိတ်ထွက်လာသည့်အသံကို သူလျစ်လျူရှုထားသည်။
"မင်းသင်ချင်တယ်မလား နားလည်ချင်တယ်မလား ကြိုးစားလေ။ ငါပြောတဲ့အတိုင်း မလုပ်နိုင်သရွေ့ မင်းခေါင်းကိုခေါက်ရမှာပဲ..."
အံတင်းတင်းကြိတ်၍ တန်ပြန်လာသောအကြည့်များကြောင့်
"ဘာလဲ မကြိုက်ဘူးလား မခံနိုင်ဘူးလား ဒါဆိုလည်း မသင်နဲ့"
ထသွားသည့်သူ၏လက်ကို ဂျောင်ကုအလျင်အမြန်ဖမ်းဆွဲလိုက်သည်။
"ပြန်ထိုင် ပြန်ပြောပြ"
ဆော့ဂျင် မျက်ခုံးကိုပင့်လျက် အနိုင်ရသည့်အပြုံးဖြင့် ပြန်ထိုင်လိုက်သည်။ ထို့နောက်...
"A B C D E F G H I J K L M N O P Q R S T U V W X Y Z"
"တစ်လုံးစီပြောလေ"
"မင်းဒါလေးတောင်မမှတ်မိဘူးလား ဦးနှောက်ကြီးပြီး အသုံးကိုမကျဘူး"
ကင်ဆော့ဂျင်တစ်ယောက် နယ်စားမင်းဂျွန်ဂျောင်ကုအား ကောင်းကောင်းကြီးပညာပေးနေသည်။ သူ့Business card လာပေးတုန်းကဆို အံ့သြလို့မဆုံး...မလျော့သောမျက်နှာကြောဖြင့် သူ့ကိုဒီကဒ်ပေါ်ကစာတွေသင်ပေးပါတဲ့လေ။
ဘာသာစကားတစ်ခုသင်ခြင်းကို လွယ်ကူတယ်ထင်နေလားမသိ။
သူလက်ခံလိုက်သည်။ အကြံကတော့ ဒင်းလို ဘဝင်ရူးကို ပညာပေးပြီး အလုပ်လုပ်ခိုင်းရန်ဖြစ်သည်။
ဂျောင်ကု၏မျက်နှာပျက်ယွင်းမှုအဖုံဖုံကို ကြည့်၍ဆော့ဂျင်စိတ်ထဲတွင် အခါခါဟားတိုက်အော်ရီပြီးပြီ။ အပြင်ဘက်တွင်တော့ မျက်ခုံးတို့တွန့်ချိုး၍စိတ်မရှည်သည့်ပုံစံပါပဲ...မဟုတ်လျှင် ဆံပင်တွန့်လိမ်လိမ်နဲ့သူ့ရှေ့လူက မထင်လျှင်မထင်သလို လည်ပင်းထထညစ်လို့ ကျော်မကောင်း ကြားမကောင်းဖြစ်နေမည်။
![](https://img.wattpad.com/cover/282033168-288-k279878.jpg)
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~