"ယွန်းဂီ ထယ်ယောင်း..."
ရှိတဲ့လက်နှစ်ဖက်လုံးမအားမလပ်ဖြင့် မူးရူးနေသူနှစ်ယောက်ကိုပါးစပ်မှ တတွတ်တွတ်ခေါ်နေရသည့်ဖြစ်ခြင်း။
"ရား ဘာလို့ဒီလောက်လေးနေရတာလဲ"
သယ်ရင်းသယ်ရင်းဆော့ဂျင် စိတ်ပေါက်လာသည်။ ခန္ဓာကိုယ်ကမဆမတန်လေးပါတယ်ဆိုမှ သူတို့ဝတ်စုံကဟိုတွဲလောင်းဒီတွဲလောင်းကျနေတော့ အစွန်အစတွေတက်နင်းမိပြီး ရွေ့မရပြုမရကဖြစ်သေး။ ဒီကြားထဲ အဆိပ်မိသူကပါသည်။ စမ်းသပ်ကြည့်တော့ အသက်ခပ်မျှင်းမျှင်းရှူနေတုန်း...
လေးလံလှသောလူတွေကို ကားပေါ်အရောက်တင်ပြီးပြန်အလှည့် သူ့ခြေထောက်နှင့်တက်နင်းထားမိသောအရာတစ်ခု။ ခြေအောက်တွင်ခုနေခြင်းကြောင့် သူကောက်ယူလိုက်သည်။ ခပ်ဝိုင်းဝိုင်းကြွေပြားလေးတစ်ခုပါပဲ။ ကြွေဝိုင်းလေးကိုအပေါ်အောက်သူလှန်ကြည့်လိုက်တော့ ကြွေဝိုင်းလေးပေါ်က စာထွင်းထားသော ပန်းကနုတ်လေးတွေကတစ်ခုခုကိုရည်ညွှန်းထား၏။
"Destino~~~ကံကြမ္မာ"
နယ်စားမင်းဂျွန်ဂျောင်ကုနားမလည်ခဲ့သော ကနုတ်တို့ခြံရံထားသည့် ပန်းစာလုံး၏အဓိပ္ပာယ်သည် စပိန်ဘာသာဖြင့်ရေးထိုးဖော်ကျူးထားပါသော
Destinoဆိုသည့် ကံကြမ္မာ~~~ကံတရား၏စီရင်မှုဟုအဓိပ္ပာယ်တွင်လေ၏။ဆော့ဂျင် ကြွေဝိုင်းလေးကိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်၍ ညရောင်အောက်လက်နေသည့်ဓားနှစ်လက်ကိုနောက်ဖုံးထဲထည့်လိုက်သည်။
"ယွန်းဂီ ထယ်ယောင်း"
ပါးတွေပုတ်နှိုးလည်းမရ လိမ်ဆွဲလည်းမရ နောက်ဆုံး ဆော့ဂျင် သူတို့မျက်နှာပေါ် ရေတွေလောင်းချလိုက်သည်မှာမနည်းမနော
"ဟေ့"
ရေလောင်းချမှ အလန့်တကြားနိုးလာသူနှစ်ယောက်ကို ဆော့ဂျင်ပေသာကြည့်ပေးလိုက်သည်။ ဆရာဝန်ဖြစ်သေးလို့ပဲ
"နိုးသေးတယ် မင်းတို့ကောင်တွေ။
ဟိုမှာကြည့်ပေး တစ်ယောက်ခြေထောက်ထိခိုက်ထားတယ် ငါကားထဲကဒုတ်တစ်ခုခုနဲ့စည်းပေးထားတယ် ကြည့်ရတာအရိုးတစ်ခုခုဖြစ်သွားပုံပဲ။ အင်း ဟိုသရဲလိုလူကတော့ အဆိပ်မိတာထင်တယ် သူ့ပုံကိုကြည့်"
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~