Seokjin'era
ထိုအဆောက်အဦးထဲခြေလှမ်းလိုက်သည်နှင့် အပြင်ပတ်ဝန်းကျင်နှင့်မတူသည့်ရနံ့တစ်ချို့ရှူရှိုက်မိသည်။ လေထဲတွင်စိမ့်ဝင်လာသောဆေးနံ့ပေါင်းများစွာကို သူရင်နှီးနေပြီ။ အမြဲဝင်ထွက်နေရသည့်အတွက် ယဥ်ပါးလာသည်ဆိုရမလား။
General doctor ဆိုင်းဘုတ်တပ်ထားသည့်အခန်းရှေ့တွင် ဆော့ဂျင်ရပ်လျက် ဖုန်းဆက်ရန်ဟန်ပြင်လိုက်သည်။ ထိုစဥ်လက်မောင်းကိုဆုပ်ကိုင်လာသည့်လက်တစ်စုံကြောင့် ထိုလူ့ကိုအကြည့်ပို့မိ၏။ အရွယ်လတ်လတ်အမျိုးသားတစ်ယောက်ဖြစ်ပြီး အကူအညီတောင်းခံနေသည့်အမူအရာဖြင့် သူ့လက်ကိုဆုပ်ကိုင်ထား၏။"ဒေါက်တာ ဒေါက်တာ ကျွန်တော့်မိန်းမကိုကယ်ပါအုံးဒေါက်တာရယ် ကယ်ပါအုံး"
ထိုလူ့မျက်နှာကြောင့် ဆော့ဂျင်ဖုန်းကိုသိမ်း၍ စိတ်အေးအေးထားရန်ပြောရသည်။
"အစ်ကိုစိတ်အေးအေးထားနော် သူတို့အစွမ်းကုန်ကြိုးစားပေးပါလိမ့်မယ် စိတ်အေးအေးထားပါ"
"လာပါ ဒေါက်တာ ဟိုမှာအသည်းအသန်ဖြစ်နေလို့ပါ လာပါ"
အတင်းဆွဲခေါ်သွားသည်ကြောင့် ဆော့ဂျင်မှာအပြေးလေးပါသွားသည်။ ရောက်တော့ လူနာကကုတင်ပေါ်တွင်ငြိမ်သက်နေပြီးနှလုံးခုန်နှုန်းပြသောစက်တွင် လှိုင်းတွန့်တို့ပျောက်ကာ ရေပြင်ညီမျဥ်းလိုင်းတို့ဖြစ်နေ၏။ ဘေးတွင်လည်းဆေးတွေချိတ်ထားသည်။ လူနာ၌အသက်ငွေ့တို့အမျှင်တန်းနေပြီ။ အပြောမဟုတ် နှလုံးခုန်ရပ်နေခြင်း...
"ဒေါက်တာကြည့်မနေနဲ့ တစ်ခုခုလုပ်လေ"
"အင်းအင်း"
ဆော့ဂျင်မျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပေါ်အောက်ယှက်ထားသောလက်နှစ်ဖက်ကို လူနာနှလုံးရှိရာနေရာသို့တင်လိုက်သည်။ ဒီဆေးရုံကဆရာဝန်တွေဘယ်ရောက်နေကြတာလဲ၊ အသည်းအသန်ဖြစ်နေတာတောင်မလာကြဘူး ဘယ်လိုဆေးရုံလဲဟ။
"ကင်ဆော့ဂျင်!"
သူ့နာမည်ခေါ်၍အပြေးလာသူကြောင့် ဆော့ဂျင်မျက်နှာဝင်းခနဲ။ ထိုသူလာတော့ လူနာနှလုံးပေါ်ဖိတော့မည့်ဆဲဆဲ ဆော့ဂျင်လက်များကိုရုတ်လိုက်သည်။ Gray hairနဲ့တစ်မျိုးမိမိုက်နေသည့်ထိုလူက ဆော့ဂျင်ကိုနေရာမှဆွဲဖယ်သည်။
![](https://img.wattpad.com/cover/282033168-288-k279878.jpg)
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~