Part [ 17 ]

657 92 39
                                    

နှင်းမကျသော ကမ္ဘာတစ်ဖက်ခြမ်း၏မိုးညိုညိုများအောက် ကောင်လေးတစ်ယောက်သည် တစ်စုံတစ်ယောက်ကိုမျှော်နေဟန်။ အတန်ကြာတွင် မျက်နှာလေးပြုံးလာပြီး သူ့ကိုမြင်စေရန်အလို့ငြား လက်ကလေးကိုမြှောက်ပြသည်။

ဒီနေ့သည် သူတို့၏ First Date. ။
ကော်ဖီဆိုင်ရွေး ပန်းခြံရွေးနဲ့ နောက်ဆုံးကစားကွင်းကိုသာလာခဲ့ကြသည်။ ထယ်ပြောသည့် နိုင်ငံခြားဘာသာဆန်ဆန် First date သည် ချစ်သူအဖြစ်ပထမဆုံးတွေ့ဆုံခြင်းတဲ့လေ။ ဂျောင်ကုတို့၏သတင်းကို ယခုထိမကြားရသေးသော်လည်း သူ့ထယ်၏မျက်နှာလေးမြင်ရတာ သနားလို့ရယ် ပြီးတော့ ချစ်လို့ရယ်...Dateမည့်အကြောင်းကိုသူကစ၍ ဖွင့်ပြောခဲ့ခြင််းပါ။ သူနှင့်တွေ့ဆုံဖြတ်သန်းလာသည့်အချိန်က မကြာသေးသော်လည်း ယုံကြည်ချက်တစ်ခုထဲနဲ့ ထယ့် ရဲ့အချစ်တွေကို သူ မငြင်းခဲ့ခြင်းဖြစ်သည်။

ထယ်ယောင်းရှီရဲ့ချစ်ခြင်းတွေကို ယုံကြည်လို့ တိုတောင်းလွန်းတဲ့အချိန်ကာလမှာ သူအရဲစွန့်လိုက်သည်။ မမှားသောဆုံးဖြတ်ချက်ဟုလည်း သူကောက်ချက်ချသည်။

"အာ ကိုယ့်အသဲလေး စောင့်နေတာကြာပြီလား"

ဆံပင်များကိုလက်ချောင်းများဖြင့်ဖွပြောလာတော့ ဂျီမင်းမှာကလေးလေးသဖွယ်ဖြစ်နေသည်။
အစောကပြုံးပြီးလက်လှမ်းပြနေသည့်မျက်နှာလေးက ချက်ချင်းတည်ကျသွားပြီး

"ဖြန်း"

"အာ့"

"အဲ့လိုမခေါ်နဲ့လို့ပြောထားတယ်မလား ဟမ်"

လက်သေးသေးလေးများက ထယ်ယောင်း၏လက်မောင်းကို ဖြန်းခနဲရိုက်သည်။
လက်မောင်းကိုချလိုက်တာ ဖြည်းဖြည်းလေးမထင်ပါနဲ့။ အရိုးထဲကအားတွေနဲ့ကိုချတာ တအားနာပဲ။

"ကိုယ့်အသဲမို့ အသဲလို့ခေါ်တာလေ"

"အူယားလွန်းလို့ပါကွာ"

"ကဲဒါဆို ဂျီမင်းနီ ကိုယ့်လက်ကိုတွဲ"

"ဟမ် လိုလို့လား"

ဂျီမင်း၏အင်တင်တင်ပုံကြောင့် စိတ်မရှည်စွာ ထယ်ယောင်းသည် လက်ကိုကောက်တွဲလိုက်သည်။
မေးတတ်လိုက်တာ လိုလို့လားတဲ့။

From 14th century to 21st century Donde viven las historias. Descúbrelo ahora