Part [ 15 ]

851 98 42
                                    

ဒီညသည် မိုးသည်းသောည။
ပျောက်သွားသည့်သူများ အစအနပင်ရှာမတွေ့ခဲ့သော တစ်ပတ်တင်းတင်း ၇ရက်ပြည့်သည့်နေ့ဖြစ်သည်။ တစ်ပတ်အတွင်း သံသယဖြစ်ဖွယ်များကို သက်ဆိုင်ရာများနှင့်ရှာဖွေခဲ့သော်လည်း ထိုလူနှစ်ယောက်သည် ထူးဆန်းစွာပျောက်ဆုံးနေဆဲ။ ဆော့ဂျင်နှင့်ဂျောင်ကုတို့၏ပျောက်ဆုံးမှုသည် ထိုနေ့ညလေးအတွင်းတွင် လှည့်ကွက်တစ်ဖုံဖုံဖြင့်ပျောက်ဆုံးနေခြင်းဖြစ်သည်။

ထိုနေ့ညကနှစ်ဦးလုံးကိုနောက်ဆုံးတွေ့ခဲ့တာသူ။ သူတို့နှစ်ဦးကြားလေထုအဆင်မပြေဖြစ်၍ တစ်ဦးကအိမ်အပြင်ထွက်သွားပြီး တစ်ဦးကဆေးရုံကားဖြင့်ပါသွားခြင်းဖြစ်သည်။ ထို့နောက်ကောင်းကင်ကလည်း သူတို့ကဲ့သို့မိုးများရွာကာ မုန်တိုင်းထန်ပေးခဲ့သည်။ သူ့အတွေးအရ ဂျောင်ကုကိုထိုအချိန်မှစ၍ ဆော့ဂျင်ပြန်လာသည်အထိ သူ့မြင်ကွင်းအတွင်းမမြင်ရတော့။ နောက် တစ်ရေးနိုးပြန်တော့ ဆော့ဂျင်ပါမရှိလေတော့။ ထို့ထက်အရင်အချိန်အပိုင်းအခြားများကိုတော့ အိပ်စက်ခြင်းတွင်လွန်မြောက်နေ၍ ဘာတွေဖြစ်ခဲ့မှန်းသူမသိပါ။

"ပင်ပန်းသွားကြပြီ။ ကူညီပေးကြလို့ကျေးဇူးတင်ပါတယ်။ မိုးကလည်းသည်းနေတော့ မနက်ဖြန် ဘူဆန်ကိုပြန်ဖို့ပြင်ကြတာပေါ့"

မိုးသည်းသည်းကိုကြည့်၍ နမ်ဂျွန်းသက်ပြင်းရှည်ကြီးချသည်။ သူတို့၏အစီအစဥ်တစ်ချို့ပျက်ခဲ့ရပြီး ဦးဆောင်၍ခေါ်ဆောင်ခဲ့သောသူ့၌ တာဝန်အပြည့်အဝရှိနေသည်။ တာဝန်ဆိုသည့်ဝန်တစ်ခုထက် ခင်မင်ရင်းနှီးသည့်သူများကို ဆုံးရှုံးလိုက်ရမည့်ခံစားချက်ကြီးကြောင့် ထိုနှစ်ယောက်ကိုရှာမတွေ့လေသူ့စိတ်၏စိုးရိမ်ရေမှတ်သည် တစ်နေ့ထက်တစ်နေ့မြင့်လာလေဖြစ်သည်။ ဆော့ဂျင်သည် သူနှင့်အတန်းတူရွယ်တူသူငယ်ချင်းမဟုတ်ခဲ့သော် stageကျောင်းမှာတွေ့စဥ်တည်းက ခင်မင်လာသည့်ဆက်ဆံရေးမျိုးဖြစ်သည်။ ဂျောင်ကုကတော့ ခင်မင်မှုမကြာရှည်လိုက်ပေမယ့် မသိနားမလည် ကြောင်တောင်တောင်ပုံစံလေးနှင့် ဆော့ဂျင်ဆိုးသမျှကိုသည်းခံပေးရှာသည့်ကောင်လေးတစ်ယောက်မို့ သူ့ညီလေးလိုရင်းနှီးမိသည်။ ထို့ကြောင့် အခုလိုထူးဆန်းစွာပျောက်ဆုံးနေမှုတွင် သတင်းအတိအကျရချင်သည်။ အခုတော့မဟုတ် မည်သည့်သတင်းအစအနမှရှာမတွေ့သဖြင့် စိတ်တိုမိသည်က သူ့ကိုယ်ကိုယ်သာဖြစ်သည်။

From 14th century to 21st century Where stories live. Discover now