"ဂျွန်ဂျောင်ကု! ငါလိုက်မယ်"
"မင်းပုံစံနဲ့ ဒီမှာနေတာ ပိုကောင်းတယ်ဆော့ဂျင်"
"ငါကဘာဖြစ်နေလို့လဲ"
ဂျောင်ကုက သူ့ကိုကြည့်ကာခေါင်းခါသည်။
နေပါအုံး သူပုံစံကဘာဖြစ်နေလို့လဲ။"ကိုယ့်အိမ်တော်ကိုလိုက်ချင်ရင် အရင်ဆုံး"
လုပ်နိုင်၏ မလုပ်နိုင်၏ သူ့ကိုအကဲခတ်သည့်မျက်လုံးဖြင့်ကြည့်လျှင် သူ့စိတ်ကမရိုးမရွအဖြစ်ဆုံး။
"ပြော"
"အရင်ဆုံး အခေါ်အဝေါ်ပြောင်းရမယ်"
"အခေါ်အဝေါ်က ဘာဖြစ်နေလို့လဲ"
"ဂျောင်ကု ဂျွန်ဂျောင်ကုဆိုတာ နယ်စားတစ်ယောက်နဲ့ သင့်တော်သလား"
"ဒါကတော့ မင်းမေမေကိုမေးကြည့်ပေါ့ ငါဘယ်သိမလဲ။ မသင့်တော်ဘူးထင်ရင် ပြောင်းလိုက်"
ဘယ်လိုလူလေးမှန်းမသိ စကားကိုကပ်ပြောနေတာ ကြည့်။ မနေ့ညကအကြောင်းတွေ ပြန်ပြောလိုက်ရင် မသိတော့ဘူးဆိုပြီး အငြင်းစကားဆိုအုံးမည်။ ပြီးရင် နားရွက်တွေရဲလာတာ သူမဟုတ်သလိုလို။
"နေခဲ့လိုက်တော့"
"နေဦး နေဦး"
ဆော့ဂျင်မှာ ဆွဲထားရပြန်သည်။ အမြဲသူကပဲထွက်သွားမယ်ချည်း။ စလိုက်တာကို အဖြစ်သည်းနေလိုက်တာ။
"ပြော ဘယ်လိုခေါ်ရမှာလဲ"
"ပူဆန်ပြည်သူတွေခေါ်သလို နယ်စားမင်းလို့ပဲခေါ်"
"........."
"အဆင်ပြေလားကိုဘယ်လို အိုကီ..... အိုကီလား။ ဟိုခေတ်မှာ အဲ့လိုပြောတာမလား"
ဆော့ဂျင် ပြန်မဖြေသဖြင့် လက်ညိုးနဲ့လက်မကိုဆက်လိုက်ပြီး အဝိုင်းပုံအိုကေလုပ်ပြနေသည့် ဂျွန်ဂျောင်ကုမှာ အဝန်းအဝိုင်းလှသည့်မျက်လုံးတစ်စုံဖြင့်။
"ဟွန်း မနာလိုလိုက်တာ"
"ဘာကိုမနာလိုတာလဲ"
"ဟမ် ဘာမှမဟုတ်ဘူး။ မင်းပြောတဲ့အတိုင်း နယ်စားမင်းပေါ့ သွားရအောင်"
ဆော့ဂျင် သူ့ရှေ့မှခပ်သုတ်သုတ်လျှောက်ကာထွက်လာလိုက်သည်။

YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~