"အားးးး!!!"
"မင်းကိုမထိနဲ့ပြောထားတယ်လေ"
"ကျွန်တော် မထိန်းထားရင် Hyung ပြုတ်ကျမှာလေ"
"မလိုဘူး မလိုဘူး"
"ကိုယ်လုပ်တာကိုသာ အာရုံစိုက်ပါ။ Hyung ကို မထိဘူးဗျာ"
အပေါ်ကတလှုပ်လှုပ်နဲ့ မီးလုံးပြင်နေသူ မပြုတ်ကျစေရန် ခုထားသည့်ခုံကိုဂျောင်ကုကိုင်ထားပေးလိုက်သည်။ ဘူဆန်ကိုပြန်ရောက်လာသည့်ရက်တွင်ပင် မီးလုံးက မှိတ်တုတ်မှိတ်တုတ်ဖြင့် ကြိုဆိုနေသည်ကြောင့် မီးလုံးတက်ပြင်နေခြင်း။ ချော်ကျမလို့ဖြစ်လို့ ကိုင်ထားပေးပြန်တော့ ဆတ်ဆတ်ထိမခံ၊ အသားကိုထိလို့ကတော့ အောက်ကိုငုံ့ပြီး ပါးစပ်ကပွစိပွစိပြောရုံမက ကိုင်ထားသည့် ကိရိယာတွေနဲ့ခေါင်းခေါက်တာခံရသေး၏။ လွှတ်ထားလိုက်ချင်ပေမယ့် မခိုင်သည့်ခုံကြောင့် ပြုတ်ကျမလားဆိုသည့်အတွေးဝင်ကာ ရင်ထိတ်နေရသည်ဖြစ်၍ ခုံကိုမြဲမြဲသာကိုင်ထားလိုက်၏။ တကယ်ဆို ဒီလူလေးကို လွှတ်ထားလိုက်ရမှာ...
"ရပြီ"
"ဝိုးး လင်းသွားပြီ"
"မင်းသိမလားတော့မသိဘူး။ ငါ့လက်နဲ့ထိရင်အကုန်ကောင်းတယ်"
"ဟုတ်ကဲ့"
ဂုဏ်ယူစွာပြောနေသူက မာန်တကြွကြွမို့ ဂျောင်ကုခေါင်းငြိမ့်၍ လက်ခံလိုက်သည်။ ဤသည်ကလည်း ဆော့ဂျင်၏သွယ်ဝိုက်သော ကြွားဝါခြင်းလေးတစ်မျိုးဖြစ်၏။
"Hyung"
"အင်း"
"တကယ်မသိတော့တာလား"
ဂျောင်ကုမေးတော့ စဥ်းစားဟန်ဖြင့် မေးခွန်းပြန်ထုတ်လာသည်။
"ဘာကိုလဲ"
"ကျွန်တော့်ကိုလေ..... ပြည်နယ်ခြားက ဂျွန်ဂျောင်ကုဆိုတဲ့လူကိုလေ"
မျက်ဝန်းညိုညိုများဖြင့် ညို့ငင်နေပြန်သည်။ မျက်ဝန်းများကိုမပြတ်တမ်းငေးကြည့်မိတော့ နှလုံးခုန်သံသဲ့သဲ့က တုန်လှုပ်မှုအားကောင်းလာသလိုပင်။ သူသည်တကယ်ပဲ ဂျွန်ဂျောင်ကုနှလုံးသားထဲကလူပေလား။
"တောင်းပန်ပါတယ်။ ငါတကယ်မသိလို့ပါ"
"ဟင်း ရပါတယ်။ Hyungမှတ်မိအောင် ကျွန်တော်လုပ်ပေးနိုင်တယ်"
BINABASA MO ANG
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~